Connect with us

Social

လူကုန်ကူးခံရသူများအနက် ၃၇၅၂ ဦးတို့ကို ပြန်လည်လက်ခံ ရရှိပြီဟု ဆို

နေရပ်ထံ ပြန်လာသူများ တွေ့ ဆုံပွဲ အခမ်းအနားတွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့  တပ်ဖွဲ့ မှူး ရဲမှူးချုပ် မြင့်ထူး အဖွင့်မိန့် ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သည် ၂၀၁၇ ခုနှစ် ဧပြီလ အထိ ပြည်ပနိုင်ငံများသို့ လူကုန်ကူး ခံရသူ များအနက် ၃၇၅၂ ဦးအား ပြန်လည် လက်ခံနိုင် ခဲ့သည်ဟု လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်နော်သာဝါးက နေပြည်တော် Horizon Lake View Hotel တွင် ယနေ့ နံနက်ပြုလုပ်သည့် နေရပ်ထံ ပြန်လာသူများ တွေ့ဆုံပွဲ (Survivors’ Gathering) အခမ်းအနားတွင် ပြောခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား အဖွင့် မိန့်ခွန်း ပြောကြားခဲ့သည့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူးက “လူကုန်ကူးမှုဟာ နယ်စပ် ဖြတ်ကျော် ဖြစ်ပွားတတ်တဲ့ သဘာဝရှိတဲ့အတွက် နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးက အလွန်အရေးကြီးပါတယ်၊ ဒါကြောင့် ဒေသတွင်း သဘောတူညီမှုများ နိုင်ငံတကာ သဘောတူညီမှုများနဲ့အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးကို မြန်မာနိုင်ငံက တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောခဲ့သည်။

နေရပ်ထံ ပြန်လာသူများ တွေ့ဆုံပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါး မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေရပ်ထံ ပြန်လာသူများ တွေ့ဆုံပွဲ အခမ်းအနားတွင် World Vision Myanmar ၏ ဌာနေကိုယ်စားလှယ် MR. Suresh Bartlett မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေရပ်ထံ ပြန်လာသူများ တွေ့ဆုံပွဲ အခမ်းအနားတွင် နေရပ်ထံ ပြန်လာသူများက သံချပ်များ၊ တေးသရုပ်ဖော်များဖြင့် တင်ဆက်နေစဉ် (ဆင်ဟွာ)

ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ် နော်သာ ဝါးက “မြန်မာနိုင်ငံသားများ လူကုန်ကူးမှု အများဆုံးခံရတဲ့ ထိုင်းနိုင်ငံနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေပါတယ်၊ လူကုန်ကူးခံရသူတွေကိ မြန်ဆန်စွာ ပြန်ခေါ်ယူနိုင်ဖို့၊ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးဖို့အတွက် မြန်မာ -ထိုင်း နှစ်နိုင်ငံ လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ရေး၊ မိဘရပ်ထံ ပြန်လည် အပ်နှံရေးနဲ့ မိသားစု ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွေကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပနေပါတယ်” ဟု ပြောခဲ့သည်။

ယနေ့အခမ်းအနားတွင် လူကုန်ကူးခံရပြီး နေရပ်ပြန် လူငယ် ၃၄ ဦးတို့က ၂၀၁၇ ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့- သုံးရက်အတွင်း ၎င်းတို့ချင်း တွေ့ဆုံဆွေးနွေးခဲ့ခြင်းမှ ရရှိလာသည့် အကြံပြုချက်များကို သံချပ်၊ ကဗျာ၊ ပြဇာတ်၊ တေးသရုပ်ဖော်တို့ဖြင့် တင်ဆက်ပြသခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.