Connect with us

Social

ပြည်သူများ၏ အခြေခံ လိုအပ်ချက်များ အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးနိုင်ရေး တစ်နိုင်ငံလုံး အနှံ့ပြည်သူ့ ဝန်ဆောင်မှုရုံး ၂၆၇ ရုံး ဖွင့်လှစ်ထား

One Stop Shops (OSS) ရုံးများ ထူထောင် ဖွင့်လှစ် အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ သတင်းထုတ်ပြန် ကြေညာချက်

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ပြည်သူများ၏ အခြေခံ လိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးနိုင်ရေး အတွက် ပြည်သူ့ ဝန်ဆောင်မှုရုံး (One Stop Shops) များကို တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ယခု နှစ်ကုန်ပိုင်း အချိန်အထိ စုစုပေါင်း ၂၆၇ ရုံး ဖွင့်လှစ် ပြီးစီးကြောင်း (OSS) ရုံးများ ထူထောင် ဖွင့်လှစ် အကောင် အထည် ဖော်ရေး လုပ်ငန်း ကော်မတီ၏ သတင်း ထုတ်ပြန်ကြေညာချက် အရ သိရသည်။

ပြည်သူ့ ဝန်ဆောင်မှုရုံး (One Stop Shops)များကို ယခုနှစ် ဇူလိုင်လမှ စ၍ ခရိုင်ရုံး စိုက်ရာ မြို့နယ်များ တွင် ပြည်သူ့ ဝန်ဆောင်မှု ရုံးတစ်ရုံးစီဖြင့် စုစုပေါင်း (၇၂) ရုံးကို ရှေ့ပြေးစီမံချက် အနေဖြင့် ဖွင့်လှစ် ဆောင်ရွက်လျက် ရှိရာမှ ယခု ဒီဇင်ဘာလ ၂ ရက်အထိထပ်မံ၍ ကျန်မြို့နယ်များ၌လည်း ဆက်လက် ဖွင့်လှစ်လျက် ရှိရာ နေပြည်တော် ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် စုစုပေါင်း ၂၆၇ ရုံး ဖွင့်လှစ် ပြီးစီးကြောင်း သိရသည်။

ပြည်သူ့ ဝန်ဆောင်မှု ရုံးများတွင် အဓိကအားဖြင့် စားသောက်ဆိုင်၊ ပုဂ္ဂလိက အိမ်ဆိုင် လုပ်ငန်း လိုင်စင်များ၊ ယစ်မျိုး လိုင်စင် ချထားခြင်းနှင့် အခွန်လေးမျိုး ကောက်ခံခြင်း၊ မြေစာရင်း ပုံစံ (၁ဝ၅) ရေးကူး ခွင့်ကိစ္စများ၊ မြေငှား ဂရန် လျှောက်ထားခြင်း ကိစ္စရပ်များ၊ ဘိလိယက် ခုံလိုင်စင် ထုတ်ပေးခြင်း၊ ပျော်ပွဲ ရွှင်ပွဲအတွက် ပွဲမိန့်လျှောက်ထားခြင်း ကိစ္စရပ်များ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားခြင်း ကိစ္စရပ်များ၊ အိမ်ထောင်စု လူဦးရေ ပြောင်းဝင်/ ထွက်ကိစ္စနှင့် မွေးဖွားမှု၊ သေဆုံးမှု မှတ်ပုံတင်ရေး ကိစ္စရပ်များ၊ ပထမ သတင်း ပေးတိုင်ကြားချက်များ၊ မီးဘေး လုံခြုံရေး ကိစ္စရပ်များ၊ စည်ပင်နှင့် ပတ်သက်သော ရေ၊ မီး၊ မိလ္လာ သန့်ရှင်းရေး ကိစ္စရပ်များ၊ သစ်တောနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ လူမှု ဖူလုံရေး၊ အလုပ်သမား အလုပ်အကိုင် ကိစ္စရပ်များ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ပြည်သူတို့၏ အခြေခံ လိုအပ်ချက် များအား ဖြည့်ဆည်း ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိ လိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှု အလေ့အကျင့်များ ကို ပြုစု ပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာများ အပေါ် အားကိုး ယုံကြည်မှု တိုးပွားလာစေရန်နှင့် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဦးစီးဌာန အလိုက် အပြန်အလှန် ထိန်းကျောင်းမှုများ ပြုနိုင်ရေးအတွက် ပြည်သူ့ ဝန်ဆောင်မှုရုံး (One Stop Shops) များကို ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.