Connect with us

Social

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလှူအတန်း အရက်ရောဆုံး နိုင်ငံများ စာရင်း၌ ထိပ်ဆုံးနေရာမှ ရပ်တည်

လန်ဒန် အခြေစိုက် CAF (Charities Aid Foundation) မှ ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ် ကမ္ဘာ့ အလှူဒါန ညွှန်းကိန်း စစ်တမ်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလှူအတန်း အရက်ရောဆုံး နိုင်ငံများ စာရင်း၌ ထိပ်ဆုံးနေရာမှ ရပ်တည် နိုင်ခဲ့ကြောင်း လန်ဒန် အခြေစိုက် CAF (Charities Aid Foundation) မှ ထုတ်ပြန်သည့် ကမ္ဘာ့ အလှူဒါန ညွှန်းကိန်း စစ်တမ်း ၂ဝ၁၅ တွင် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းမှာ Gallup သုတေသန အဖွဲ့နှင့် CAF တို့ပူးပေါင်း ကောက်ယူသည့် စစ်တမ်းဖြစ်ပြီး နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ အသက် ၁၅ နှစ်နှင့် အထက် လူများကို မေးမြန်း၍ စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်ကာ မြန်မာနိုင်ငံသည် ယမန်နှစ်က အမေရိကန် နိုင်ငံနှင့် ပူးတွဲ ပထမ နေရာ၌ ရပ်တည်နိုင် ခဲ့သည်။ ယခုနှစ်တွင် ထိပ်ဆုံး နေရာ၌ ရပ်တည်နိုင်ခဲ့ကာ အမေရိကန် နိုင်ငံသည် ဒုတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

စစ်တမ်း ပြုလုပ်ရာတွင် လူအများ၏ ငွေလှူဒါန်းမှု ပြုလုပ်ပုံ၊ အချိန်ပေး၍ စေတနာ့ ဝန်ထမ်း အလုပ်များ လုပ်ပေးတတ် ကြပုံနှင့် အကူအညီ လိုအပ်နေသူ များအား ရက်ရောစွာ လှူဒါန်းတတ်ပုံ များကို လေ့လာ အကဲဖြတ် ထားပြီး အဆင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၂ဝ၁၅ ခုနှစ်၏ ကမ္ဘာပေါ်တွင် အလှူအတန်း အရက်ရောဆုံး နိုင်ငံများ စာရင်း၌ အမေရိကန် နိုင်ငံမှ ဒုတိယ ရရှိခဲ့ပြီး ယင်းနောက်၌ နယူးဇီလန်၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန်၊ နယ်သာလန်၊ သီရိလင်္ကာ၊ အိုင်ယာလန်နှင့် မလေးရှားနိုင်ငံ တို့က အစဉ်လိုက် ရပ်တည်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.