Connect with us

Social

အသွင်သဏ္ဍာန်သစ်နှင့် မြန်မာမီဒီယာ ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည့် စတုတ္ထ အကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုး တိုးတတ်ရေး ညီလာခံ

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အသွင်သဏ္ဍာန် သစ်နှင့် မြန်မာမီဒီယာ ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည့် စတုတ္ထ အကြိမ်မြောက် မီဒီယာ ဖွံဖြိုး တိုးတက်ရေး ညီလာခံကို ဒီဇင်ဘာလ ၁၀ ရက် နေ့ မှ ၁၁ ရက်နေ့ အထိ ရန်ကုန်မြို့၌ မြန်မာ မီဒီယာများ၊ အစိုးရနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ စုစည်း၍ ဆွေးနွေး ကြမည် ဖြစ်ကြောင်း ညီလာခံ အကြို သတင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ် ငါးနှစ်တာ ကာလကို ဖြတ်သန်း ခဲ့ပြီးသည့် နောက်နှင့် သိသာ ထင်ရှားသည့် တိုးတက် ပြောင်းလဲမှုများနှင့် အတားအဆီး အခက်အခဲများကို ဆွေးနွေးကြမည် ဖြစ်ပြီး ယခုနှစ် ညီလာခံမှ ဆွေးနွေးမှုများမှ နောင်အသစ် ဖွဲ့စည်းမည့် အစိုးရအတွက် မီဒီယာများနှင့် ပတ်သက်သော အခြေခံ အချက်အလက်များကို အကြံပြု ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုညီလာခံ၌ ဆွေးနွေးကြမည့် အစီအစဉ်များတွင် သတင်းမီဒီယာ ကောင်စီ အခန်းကဏ္ဍ၊ နယ်ပယ် ချဲ့ထွင် အသစ်ဖြစ်ထွန်း ပေါ်ပေါက်လာ တော့မည့် ရုပ်သံ မီဒီယာ၊ သတင်း ရယူခွင့် အခွင့်အရေး အတွက် တိုးတက်မှု ဖြစ်စဉ်များ တည်ဆောက်ခြင်း စသည့်တို့ ပါဝင်သည့် အပြင် သတင်း မီဒီယာ သမားများ၏ လုံခြုံ ဘေးကင်းရေး၊ အရှိန်အဟုန် ပြင်းစွာ ပေါ်ထွန်းလာသော လူမှု ကွန်ရက် မီဒီယာနှင့် ပုံနှိပ်/ရုပ်သံနှင့် လူမှု ကွန်ရက် မီဒီယာများတွင် ကျားမရေးရာ ခွဲခြား ဆက်ဆံမှု သဘော သဘာဝများ စသည့် အစီအစဉ် အသစ်များလည်း ပါဝင်ကြောင်း သိရသည်။

ညီလာခံတွင် ရန်ကုန် အခြေစိုက် သတင်း မီဒီယာ သမားများ သာမက တိုင်းရင်းသား မီဒီယာများ အပါအဝင် အစိုးရ မီဒီယာများ၊ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီ ကိုယ်စားလည်များပါ တက်ရောက် ဆွေးနွေး အကြံပြုကြမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထ အကြိမ်မြောက် မီဒီယာ ဖွံဖြိုး တိုးတက်ရေး ညီလာခံကို မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက်၊ မြန်မာနိုင်ငံ သတင်းစာ ဆရာ သမဂ္ဂ၊ မြန်မာ သတင်းစာ ပညာသိပ္ပံနှင့် တိုင်းရင်းသား မီဒီယာ ကွန်ရက် ဖြစ်သည့် နိုင်ငံတကာ မြန်မာ သတင်းဌာနတို့က စီစဉ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ပထမ အကြိမ် မြန်မာ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံကို ၂၀၁၂ ခုနှစ် မတ်လတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117