Connect with us

Europe

ပြင်သစ် နိုင်ငံ အစိုးရ ၏ ပင်စင် စနစ် ပြုပြင်ပြောင်းလဲမှု အား ကန့်ကွက်သည့် အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ အကြီးစား ဆန္ဒပြမှု ဖြစ်ပွား

ပြင်သစ် နိုင်ငံ တွင် ဒီဇင်ဘာ ၅ ရက် ၌ တစ်နိုင်ငံလုံး အတိုင်းအတာ အကြီးစား ဆန္ဒပြမှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် ဒီဇင်ဘာ ၅ ရက် ၌ တစ်နိုင်ငံလုံး အတိုင်းအတာ အကြီးစား ဆန္ဒပြမှု ဖြစ်ပွား ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အားလုံးနီးပါး ရပ်တန့်သွား ခဲ့ကာ အကြမ်းဖက် ဆန္ဒပြသူ အချို့ နှင့် ရဲတပ်ဖွဲ့ တို့ က တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ လူပေါင်းရာကျော် အား ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။

ပြင်သစ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ ဒီဇင်ဘာ ၅ ရက် ၌ ပြင်သစ် နိုင်ငံ အတွင်း မြို့ပေါင်း ၇၀ ကျော် တွင် အစိုးရ ၏ ပင်စင် စနစ် ပြုပြင်ပြောင်းလဲမှု အား ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ပြီး ဆန္ဒပြသူ လူပေါင်း ၈ သိန်း ကျော်ရှိကြောင်း သိရှိရသည်။ ပြင်သစ် နိုင်ငံ အလုပ်သမား အဖွဲ့ချုပ် ၏ ထုတ်ပြန်ကြေညာချက် အရ ဆန္ဒပြသူ စုစုပေါင်း ၁၅ သိန်း ခန့်ရှိကြောင်း သိရှိရသည်။

ပြင်သစ် နိုင်ငံ တွင် ဒီဇင်ဘာ ၅ ရက် ၌ တစ်နိုင်ငံလုံး အတိုင်းအတာ အကြီးစား ဆန္ဒပြမှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် ဒီဇင်ဘာ ၅ ရက် ၌ တစ်နိုင်ငံလုံး အတိုင်းအတာ အကြီးစား ဆန္ဒပြမှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် ဒီဇင်ဘာ ၅ ရက် ၌ တစ်နိုင်ငံလုံး အတိုင်းအတာ အကြီးစား ဆန္ဒပြမှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် ဒီဇင်ဘာ ၅ ရက် ၌ တစ်နိုင်ငံလုံး အတိုင်းအတာ အကြီးစား ဆန္ဒပြမှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

ပဲရစ် ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ကြေညာချက် အရ ဆန္ဒပြမှု အတွင်း ရဲတပ်ဖွဲ့ နှင့် ဆန္ဒပြသူများ အကြား တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပြီး သတင်းထောက် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပဲရစ် မြို့ တွင် ရဲတပ်ဖွဲ့ က ဆန္ဒပြသူ ၉၀ ဦး အား ဖမ်းဆီး ခဲ့ပြီး Toulouse မြို့ နှင့် Bordeaux မြို့ တို့တွင် ဆန္ဒပြသူ ၂၂ ဦး နှင့် ၃၁ ဦး တို့အား ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒပြမှုကြောင့် ပဲရစ်မြို့ ရှိ ရထားလမ်းပိုင်း ၁၀ ခု အား ရပ်တန့် ခဲ့ရကြောင်း ၊ တစ်နိုင်ငံရှိ အမြန်ရထား ၉၀ ရာခိုင်နှုန်းခန့် ရပ်တန့်ခဲ့ရကြောင်း ၊ ပြင်သစ် လေကြောင်း ကုမ္ပဏီ က ပြည်တွင် လေကြောင်း ခရီးစဉ် ၃၀ ရာခိုင်နှုန်း အား ဖျက်သိမ်း ခဲ့ရပြီး တစ်နိုင်ငံလုံးရှိကျောင်းပေါင်း ၇၀ ရာခိုင်နှုန်း က ဆန္ဒပြမှုကြောင့် ဆိုးရွားစွာ ထိခိုက်မှု ဖြစ်ပွား စေခဲ့ကြောင်း သိရှိရသည်။

ပြင်သစ် နိုင်ငံ သမ္မတ က ဒီဇင်ဘာ ၅ ရက် ၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက် တွင် ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှု အား ခိုင်မြဲစွာ လုပ်ဆောင်သွားမည် ဖြစ်ပြီး အကြံပြုချက် နှင့် ညှိနှိုင်းဆွေးနွေးမှု ကို လက်ခံကြောင်း ပြောကြား ခဲ့သည်။(Xinhua)