Connect with us

Sport

မြန်မာလက်ရွေးစင် ယူ-၁၆ အမျိုးသမီး အသင်း၏ အာရှခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များထုတ်ပြန်

အာရှခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားရမည့် အာရှယူ-၁၆ ခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီး အသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု(င)၌ မလေးရှား၊ ဖိလစ်ပိုင်၊ ဆီးရီးယား၊ နီပေါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ယင်းခြေစစ်ပွဲစဉ်များကို စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ နီပေါနိုင်ငံတွင် ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၁၅ ရက်တွင် မလေးရှား အသင်း၊ စက်တင်ဘာလ ၁၉ ရက်တွင် အိမ်ရှင် နီပေါအသင်း၊ စက်တင်ဘာလ ၂၁ ရက်တွင် ဆီးရီးယား အသင်း၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖိလစ်ပိုင် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ယင်းခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များကို အုပ်စု ၆ ခုခွဲ၍ ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး အုပ်စု ပထမ ခြောက်သင်းနှင့်အကောင်းဆုံး အုပ်စု ဒုတိယ နှစ်သင်းတို့သည် ဒုတိယအဆင့် ခြေစစ် ပွဲများ ထပ်မံ ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.