Connect with us

Sport

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် အမှုဆောင် ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်

ထိပ်သီးအစည်းအဝေးကျင်းပသည့်မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော FIFA Executive Summit (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အမှုဆောင်ထိပ်သီးအစည်းအဝေး)သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ FIFA Executive Summit ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အမှုဆောင်ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှစ်ဦးဖြစ်သည့် ဦးဘုန်းနိုင်ဇော်နှင့် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Summit တွင် ဖီဖာလူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲများ ကျင်းပလျက်ရှိသည့် ပုံစံ၊ အသက်အပိုင်းအခြားနှင့် အသင်းအရေအတွက် ဆိုင်ရာကိစ္စရပ်များ၊ ဖီဖာမှ အဖွဲ့ဝင်နိုင်ငံများသို့ ထောက်ပံ့ပေးနေမှုဆိုင်ရာ ကိစ္စရပ်များ၊ ကမ္ဘာ့အမျိုးသမီးဘောလုံးလိဂ် ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ ကစားသမားအပြောင်းအရွှေ့ဆိုင်ရာနှင့် ဖီဖာပြက္ခဒိန်ကိစ္စရပ်များအား ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ပြန်လှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.