Connect with us

Sport

ဝမ်းချန်ပီယံရှစ် ရွှေခါးပတ်လုပွဲတွင် အောင်လအန်ဆန် သည် ဘရာဇီးနိုင်ငံမှ ကမ္ဘာ့ချန်ပီယံ အလက်ဇန်ဒရီမချဒို နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်

အောင်လအန်ဆန် ပရိသတ်အားနှုတ်ဆက်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း ၌ ပြုလုပ်မည့် ဝမ်းချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ (ONE: QUEST FOR GOLD)တွင် အောင်လအန်ဆန် သည် ဘရာဇီးနိုင်ငံမှ ကမ္ဘာ့ချန်ပီယံ Alexandre Machado (အလက်ဇန်ဒရီမချဒို) နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပြီး၊ ယခုပွဲတွင် အနိုင်ရရှိခဲ့ပါက ဝမ်းမစ်ဒယ်ဝိတ်တန်းသာမက ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ပါရအောင် ပရိတ်သတ်များ အားလုံးဂုဏ်ယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာ့စပါးအုံးမြွေအောင်လအန်ဆန် က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အောင်လအန်ဆန်က “လာမယ့်ပွဲအတွက် ဖလော်ရီဒါသွားပြီး အကောင်းဆုံး Camp မှာ သွားလေ့ကျင့်တယ်။ USA က ကမ္ဘာ့ချန်ပီယံနဲ့ ကျွန်တော်လေ့ကျင့်တယ်။ အားလုံးဂုဏ်ယူနိုင်အောင် နေ့နဲ့ ညနဲ့ ကျွန်တော်ထရိန်နင် ကျင့်ခဲ့တယ်။ ကျွန်တော်က ဘရာဇီးက ချန်ပီယံနဲ့ ပြိုင်မှာပါ။ ဒီပွဲမှာနိုင်ရင် Middle ဝိတ်သာမဟုတ်ဘူး Light Heavy wight ပါရအောင် အားလုံးကို ဂုဏ်ယူနိုင်အောင် ကျွန်တော်ကြိုးစားတယ်။ အားလုံးအားပေးလို့ အားရှိတယ် အားလုံးကိုကျေးဇူးတင်ပါတယ်။’’ ဟု ယနေ့ မြန်မာပလာဇာတွင်ကျင်းပသည့် မီဒီယာများရှေ့မှောက်တွင် ပွဲထွက်အကြိုဟန်ရေးပြကစားသည့် ပွဲတွင် အောင်လအန်ဆန် မှ ပြောကြားခဲ့သည်။

ဖိုးသော်မှ မီဒီယာများရှေ့တွင် ပွဲထွက်အကြိုဟန်ရေးပြကစားစဉ် (ဆင်ဟွာ)

အောင်လအန်ဆန် မှ မီဒီယာများရှေ့တွင် ပွဲထွက်အကြိုဟန်ရေးပြကစားစဉ် (ဆင်ဟွာ)

အောင်လအန်ဆန် မှ မီဒီယာများ ၏ မေးမြန်းမှုအားဖြေကြားနေစဉ် (ဆင်ဟွာ)

ပွဲတွင်းမှ ပရိတ်သတ် နှစ်ဦး နှင့် အတူ ဟန်ရေးပြကစားပြီးနောက် အောင်လအန်ဆန် နှင့် ဖိုးသော်တို့ အားတွေ့ရစဉ် (ဆင်ဟွာ)

(ONE: QUEST FOR GOLD) ပွဲတွင် ၃-ဝ-၂ စံဖြင့်အောင်မြင်ထားသည့် ဝမ်းဖယ်သာဝိတ်တန်းကစားသမား ဖိုးသော်လည်း ယှဉ်ပြိုင်မည်ဖြစ်ပြီး ကမ္ဘောဒီးယားထိပ်တန်းလက်ဝှေ့အဖွဲ့မှ ထင်ရှားကျော်ကြားသူ တစ်ဦးဖြစ်သည့် ဖနွမ်းပင်မှ Sor Sey (စောဆေး) က မြန်မာ့ဖယ်သာဝိတ်တန်း ကစားသမားဖိုးသော်ကို စိန်ခေါ်ထိုးသတ်သွားမည်ဖြစ်သည်။

ဝမ်းဖယ်သာဝိတ်တန်းကစားသမား ဖိုးသော်က “ကျွန်တော် က လာမယ့် ပွဲအတွက် ရေကုန်ရေခမ်း အကောင်းဆုံးကြိုးစားသွားမှာပါ’’ ဟု မီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာ့စပါးအုံးမြွေအောင်လအန်ဆန်နှင့် ဖိုးသော်တို့က ပရိသတ်များ ရှေ့တွင် သူတို့၏ တိုက်ကွက်များကို ပြသခဲ့သည်။

အသက် ၃၂ အရွယ်ရှိ အောင်လအန်ဆန်သည် နာမည်ကျော်ချုပ်ကွက်ပညာကျွမ်းကျင်မှုကြောင့် မြန်မာ့စပါးအုံး အဖြစ် တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရသူဖြစ်သည်။ ကချင်ပြည်နယ် တောင်တန်းဒေသရှိ မြစ်ကြီးနားမြို့ တွင် မွေးဖွားခဲ့သည့် ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဇွန်လ ၂၀၁၇ ခုနှစ် ဗိုက်တလီဘစ်ဒက်ရှ် (Vitaly Bigdash) ကို အလဲထိုးကာ အနိုင်ယူခဲ့သည် ဟု တညီတညွတ်တည်း ဆုံးဖြတ်မှု နှင့် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ၎င်းပါဝင်ခဲ့သည့် ဝမ်းချန်ပီယံရှစ် ၏ ပထမဆုံးဝိတ်တန်းလွတ်အထူးကစားပွဲတွင် အောင်လအန်ဆန်သည် ဟဲဗီးဝိတ်တန်း ကစ်ဘောက်ဆင်ချန်ပီယံ အလိန်းဂါလာနီ (Alain Ngalani) ကို ပထမအချီအစပိုင်းမှာပင် အလဲထိုးသတ်နိုင်ခဲ့သည်။

အောင်လအန်ဆန် နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဘရာဇီးနိုင်ငံမှ ဟဲဗီးဝိတ်တန်းချန်ပီယံ Alexandre Machado (အလက်ဇန်ဒရီမချဒို) သည် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးဖြစ်ပြီး သူသည် ဘရာဇီး ဂျူ-ဂျစ်ဆု ခါးပတ်နက်ပိုင်ရှင်ဖြစ်ပြီး လက်ရှိကစားရာတွင် ၈-၂ စံချိန်တင်ထားသူဖြစ်သည်

ပွဲကြည့်လက်မှတ် နှင့် ပတ်သက်သည့် အချက်အလက်များကို ONE: QUEST FOR GOLD www.onefc.com တွင်ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.