Connect with us

Sport

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပမည့် ယူ-၁၆ နိုင်ငံတကာ ခြေစမ်းပွဲ ပွဲအကြို ညှိနှိုင်း အစည်းအဝေး ကျင်းပ

ယူ-၁၆ ပွဲအကြို ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပအပြီး မြင်ကွင်း (ဓာတ်ပုံ-MFF)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

လာမည့် ဇူလိုင် ၆ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပမည့် ကမ္ဘောဒီးယား ယူ-၁၆ အသင်းနှင့် မြန်မာ ယူ-၁၆ အသင်းတို့၏ နိုင်ငံတကာ ခြေစမ်းပွဲ ပွဲအကြို ညှိနှိုင်း အစည်းအဝေး တို့ကို ယနေ့ နံနက်ပိုင်းက ခြေစမ်းပွဲ ကျင်းပမည့် အမျိုးသား National Olympic Stadium တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ် ဦးညီညီလတ်က “ကမ္ဘောဒီးယား ပြည်တွင်း မီဒီယာများ၏ မေးမြန်းမှုများ အပေါ် ပြန်လည် ဖြေကြားရာ၌ ကမ္ဘောဒီးယားနှင့် ခြေစမ်းပွဲတွင် အတောင့်တင်းဆုံး လူစာရင်းနှင့် ပွဲထွက်ကာ အကောင်းဆုံး ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း’’ ပြောသည်။
မြန်မာ ယူ-၁၆ အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် ဇူလိုင်လ ၆ ရက် ဒေသ စံတော်ချိန် ညနေ ရး၀၀ နာရီတွင် National Olympic Stadium ကြီး၌ ကျင်းပသွားမည် ဖြစ်သည်။ ယင်းပွဲစဉ်ကို ကမ္ဘောဒီးယား ပြည်တွင်း ရုပ်သံလိုင်း ဖြစ်သည့် MY TV မှ တိုက်ရိုက် ပြသမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.