Connect with us

Sport

ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အောင်မြင်မှုရရန် ပြင်ဆင်

ဖူဆယ်ဂိုးအားကာကွယ်နေစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်ဖူဆယ် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ပြင်ဆင်မှုများပြုလုပ်လျက် ရှိကြောင်း၊ မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ တွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခု စလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နှစ်သင်း စလုံး ဆုတံဆိပ်ရယူနိုင်ရန် မျှော်မှန်းထား ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းကို နည်းပြချုပ် အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်လျက်ရှိပြီး လက်ရှိ တွင် ပဏာမကစားသမား၁၈ ဦးဖြင့် လေ့ကျင့် လျက်ရှိသည်။ ဦးဌေးမြင့်သည် ၂ဝ၁၆ အာဆီယံ ဖူဆယ်အမျိုး သားပြိုင်ပွဲတွင် မြန်မာအမျိုးသား အသင်းကို ဒုတိယနေရာရအောင် စွမ်းဆောင်ပေး ခဲ့သည့်နည်းပြဖြစ်ပြီး မြန်မာနည်းပြများတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထား ကာ ယာယီကိုင်တွယ်ရာတွင် အောင်မြင်မှုရခဲ့ခြင်း ဖြစ်သည်။ မြန်မာအမျိုးသား ဖူဆယ်အသင်း ကို နည်းပြချုပ်အဖြစ် အီရန်နိုင်ငံသား ရီဇာက ကိုင်တွယ်လျက်ရှိပြီး ၁၈ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။

ယင်းနှစ်သင်းစလုံးသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားထားသည်။ ဆီးဂိမ်း ဖူဆယ်ပြိုင်ပွဲ၏ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒို နီးရှားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့်ကျင်းပကာ ရမှတ်အပေါ်မူတည်၍ ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်သွားမည်ဖြစ်သည်။

ဖူဆယ်ပြိုင်ပွဲကို သြဂုတ် ၁၈ ရက်မှ ၂၇ ရက်အထိကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသားအသင်းနှင့် အမျိုး သမီးအသင်းသည် အဖွင့်ပွဲအဖြစ် အိမ်ရှင်မလေးရှားအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

မြန်မာအမျိုးသားအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် သြဂုတ် ၁၈ ရက်တွင် မလေးရှား၊ သြဂုတ် ၂၂ ရက် တွင် ဗီယက်နမ်၊ သြဂုတ် ၂၅ ရက်တွင် ထိုင်း၊ သြဂုတ် ၂၇ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာမူ သြဂုတ် ၁၈ ရက်တွင် အိမ်ရှင် မလေးရှားအသင်း၊ သြဂုတ် ၂ဝ ရက်တွင် ထိုင်းအသင်း၊ သြဂုတ် ၂၂ ရက်တွင် အင်ဒိုနီးရှားအသင်း၊ သြဂုတ် ၂၅ ရက်တွင် ဗီယက်နမ်အသင်း တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.