Connect with us

Sport

နိုင်ငံ တစ်ဝန်းရှိ ပြည်သူများ အားကစားကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရေး ဆောင်ရွက် သွားမည်

ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးက ဆွေးနွေးပွဲတွင် ပြောကြားနေစဉ်(ဓာတ်ပုံ-အား/ကာ)

ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်များတွင် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ အားကစားကွင်း ၊ အားကစားရုံများ ၊ ရေကူးကန်များအား အဟောင်းများကို ပြုပြင် ၊ အသစ်များကို တိုးချဲ့ဆောက်လုပ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများ အားကစားကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

ပြည်သူများကိုလည်း ထိုအားကစားကွင်း၊ အားကစားရုံအသီးသီး၌ မည်သူမဆို အားကစားပြုလုပ်နိုင်ရေး အသိပေး ကြော်ငြာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက နေပြည်တော်၌ ပြုလုပ်သော အားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာရမည် ဟူသော ဆွေးနွေးပွဲ ဒုတိယနေ့စာတမ်းဖတ်ပွဲ Healthy Myanmar Seminar( Exercise is Medicine)တွင် ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာကျောင်းများ၌ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့်အားကစား အထောက်အကူပြုပစ္စည်းများအား ပံ့ပိုးနိုင်ရေး ကြိုတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.