Connect with us

Sport

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်မည်

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် ပြိုင်ပွဲကြိုပြင်ဆင်မှုအနေဖြင့် ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၁ရက်နေ့မှ ၁၀ရက်နေ့အထိ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် အောက်တိုဘာလ ၁ရက်နေ့ နံနက် ၈နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိူးသားအသင်းကို နည်းပြချုပ်အဖြစ် ဦးဌေးမြင့်မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး လေ့ကျင့်ရေးခရီးစဉ်သို့ အုပ်ချုပ် နည်းပြ (၇)ဦး ၊ ကစားသမား (၂၀) ဦး၊ စုစုပေါင်း (၂၇) ဦး သွားရောက်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.