Connect with us

Sport

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း အုပ်စုပထမနေရာမှ အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးခြေစစ်ပွဲ တတိယအဆင့်သို့တက်ရောက်နိုင်

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်တွင် အုပ်စု(က)ပထမ ရသဖြင့် တတိယအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး ထိုင်း၊ သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းကဲ့သို့ ပင် အခြေစစ်ပွဲ ဒုတိယအဆင့်၌ အုပ်စု (ခ) မှ ပထမရသည့် ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်း နှင့် အုပ်စု(ဂ) မှ ပထမရသည့် တရုတ်(တိုင်ပေ) အမျိုးသမီးဘောလုံးအသင်းတို့သည်လည်း ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.