Connect with us

Sport

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း စတင်လေ့ကျင့်ပြင်ဆင် တော့မည်ဖြစ်သည်

မြန်မာအသင်းယှဉ်ပြိုင်ကစားဟန်အားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာ ယူ-၂၂ အသင်းကို (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သော်လည်း ဒီဇင်ဘာလ အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲနှင့် ဖိတ်ခေါ်ပြိုင်ပွဲတို့အတွက် လေ့ကျင့်ပြင် ဆင်ခြင်းဖြစ်ကြောင်း၊ မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၃၆ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ပဏာမ လူစာရင်းကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း လက်ရွေးစင်အသင်းမှ ကစားသမား ကိုးဦး ပါဝင်လာမည်ဖြစ်ပြီး ၂ဝ၁၅ ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရ ယူ-၂၃ အသင်းမှ အသက်မီသည့် ကစားသမားများ ပြန်လည် ပါဝင်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းကို ငွေတံဆိပ်ရအောင် စွမ်း ဆောင်ပေးခဲ့သည့် နည်းပြ အဖွဲ့ကို ဆက်လက် တာဝန်ပေးမည်ဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်း၌ ပါဝင်နေသည့် လက်ထောက်နည်းပြ ဦးကြည် လွင်နှင့် ကစားသမား ကိုးဦးမှာ ပြိုင်ပွဲပြီးမှသာ ပူးပေါင်းနိုင်ဖွယ် ရှိနေသည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဦးကြည်လွင်မှာ အသင်းနှင့် လတ်တလော ပူးပေါင်းနိုင်ခြင်း မရှိသေးသောကြောင့် လက်ထောက်နည်းပြ ဦးကျော်လွင်က တာဝန်ယူ လေ့ကျင့်ပေးမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဒီဇင်ဘာ ၉ ရက်နှင့် ၁၂ ရက်တွင် ဆီးဂိမ်းအိမ်ရှင် မလေးရှား ယူ-၂၂ အသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကျင်းပမည့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.