Connect with us

Sport

အာရှဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူများ ကလပ်အသင်းများ၏ ကိစ္စရပ်များ လာရောက် စစ်ဆေး

အာရှဘောလုံး အဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့များမှ ကိုယ်စားလှယ် အဖွဲ့များနှင့် စစ်ဆေးစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အာရှဘောလုံး အဖွဲ့ချုပ် (AFC) ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူများသည် ကလပ်အသင်းများ၏ ကိစ္စရပ်များ လာရောက် စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

AFC ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန် ယူနိုက်တက် အသင်း၏ အိမ်ကွင်း YUSC ကွင်း အပါအဝင် ကလပ်အသင်းရုံး၊ ကစားသမား အဆောင်၊ အဝတ်လဲခန်း၊ ကိုယ်ကာယ လေ့ကျင့်ရေး ခန်းမနှင့် ရေကူးကန် အစရှိသည်များကို ကြည့်ရှု စစ်ဆေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယင်းအဖွဲ့သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများကို နိုဗိုတယ် ဟိုတယ်တွင် တွေ့ဆုံကာ Club Licensing ကိစ္စရပ်များနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ရှိသည်။
AFC Club Licensing အဖွဲ့သည် ယနေ့တွင် ရတနာပုံ၊ တက္ကသိုလ်အသင်း၊ ဒဂုံ၊ ဆောက်သမ်း မြန်မာ အသင်းများကို စစ်ဆေးသွားမည် ဖြစ်ပြီး မကွေး၊ ဟံသာဝတီ၊ မဟာယူနိုက်တက် အသင်းများကို ဇူလိုင်လ ၂၈ တွင် စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းနေ့မှာပင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း အားလုံးနှင့် AFC Club Licensing Seminar တစ်ခုကို ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.