Connect with us

Sport

အာဆီယံ ဘောလုံး အဖ့ွဲချုပ် ဆုပေးပွဲ ရန်ကုန်၌ ကျင်းပမည်

မြန်မာ့လက်ရွေးစင် U19 ဘောလုံးအသင်း (ဓာတ်ပုံ- MFF)

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ပြုလုပ်သည့် AFF Awards Night 2015 ကို သြဂုတ်လ ၂၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ ဆုပေးပွဲတွင် ဆုအမျိုးအစား ၁၈ ခု ချီးမြှင့် သွားမည် ဖြစ်ပြီး ချီးမြှင့်မည့် ဆုများမှာ အကောင်းဆုံး ဘောလုံးသမားဆု (အမျိုးသား/ အမျိုးသမီး )၊ အကောင်းဆုံး အမျိုးသားအသင်း နည်းပြဆု၊ အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆု၊ အကောင်းဆုံး လက်ရွေးစင် အသင်းဆု (အမျိုးသား/ အမျိုးသမီး)၊ အကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆု၊ အကောင်းဆုံး ဖူဆယ် အသင်းဆု၊ အကောင်းဆုံး ဖူဆယ် ကစားသမားဆု၊ ကောင်းဆုံး လူငယ် ကစားသမားဆု၊ အကောင်းဆုံး ဒိုင်လူကြီးဆု (အမျိုးသား/ အမျိုးသမီး )၊ အကောင်းဆုံး စည်းကြပ်ဒိုင်ဆု (အမျိုးသား/အမျိုးသမီး )၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်ဆု၊ ASEAN Goodwill ဆု၊ ၂ဝ၁၄ ဆူဇူကီး ဖလားပြိုင်ပွဲ အကောင်းဆုံး ဂိုးဆုနှင့် အကောင်းဆုံး အသင်းဆု တို့ ဖြစ်သည်။

အာဆီယံ ဘောလုံး အဖွဲ့ချုပ်သည် အဆိုပါ ဆုပေးပွဲကို ၂ဝ၁၃ခုနှစ်မှ စတင်ကာ နှစ်နှစ် တစ်ကြိမ် ကျင်းပခြင်း ဖြစ်သည်။ ပထမအကြိမ် ကျင်းပသည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဆုနှစ် ခုရခဲ့ပြီး အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု နှင့် အကောင်း ဆုံး အမျိုးသမီးအသင်း နည်းပြဆုကို မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ကူမာဒါ (ဂျပန်) တို့က ရရှိခဲ့သည်။

ထို့ပြင် မြန်မာ့လက်ရွေးစင် တောင်ပံကစား သမား ကြည်လင်းမှာ AFF အကောင်းဆုံး အသင်းဝင် ၁၁ ယောက်တွင် ရွေးချယ် ခံခဲ့ရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ယခုနှစ်အတွင်း အောင်မြင်မှု အချို့ ရရှိခဲ့သော်လည်း အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု အတွက် အာဆီယံ ပြိုင်ပွဲအားလုံး နီးပါး၌ ဗိုလ်စွဲထားသည့် ထိုင်းဘောလုံး အဖွဲ့ချုပ်နှင့် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း နေပြည်တော် အက်ဖ်စီ အသင်းမှ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.