Connect with us

Sport

အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တွင် မြန်မာအသင်းမှ ပွဲဦးထွက် နိုင်

မြန်မာ ယူ - ၁၉ ဘောလုံးအသင်း (ဓာတ်ပုံ- MFF)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ ပွဲစဉ်တွင် စင်ကာပူ အသင်းနှင့် ယှဉ်ပြိုင်သည့် အခါ မြန်မာ အသင်းက ၁ ဂိုး ၊ ဂိုးမရှိဖြင့် စင်ကာပူ အသင်းကို ပွဲဦးထွက် အနိုင်ရ ရှိခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းမှာ ခြေစွမ်းပိုင်းအရ သာခဲ့သော်လည်း တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် တစ်ဂိုးဖြင့်သာ ကပ်၍ အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူက ဆိုသည်။

၂၃ မိနစ်တွင် တိုက်စစ်မှူး အောင်ကောင်းမာန်မှ အပိုင်ကန်ခွင့် ရရှိသော်လည်း လွဲချော်ခဲ့ပြီး၊ ၇၆ မိနစ်တွင် မြန်မာအသင်းမှ တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းနိုင်ခဲ့သည်။

“ဒီအသင်းမှာ အခုမှ နိုင်ငံတကာပွဲ ကစားဖူးတဲ့ ကစားသမားတွေ အများကြီး ပါပါတယ်။ ဒါကြောင့်မို့ အသင်းရဲ့ လက်ရှိ ခြေစွမ်းကိုတော့ အားမရသေး ပါဘူး။ ကံကောင်းတာက အဖွင့်ပွဲမှာ ကျွန်တော်တို့ လိုပဲ အားနည်းတဲ့ စင်ကာပူ အသင်းနဲ့ တွေ့ခဲ့ရတာပါ။ ခုခြေစွမ်း နဲ့တော့ ကျွန်တော်တို့ မလေးရှား၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်သေး ပါဘူး။ ကျွန်တော်တို့ ဒီထက်ပို တိုးတက်ဖို့ လိုပါသေးတယ်” ဟု မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

မြန်မာ အသင်းသည် ယခုပွဲတွင် စင်ကာပူ ယူ-၁၉ အသင်းအပေါ် ပွဲချိန် အတော်များများ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရခဲ့သော်လည်း ပွဲချိန်အတွင်း အခွင့်အရေး ဖန်တီးမှု အားနည်းခဲ့ပြီး ပွဲချိန် ၇၇ မိနစ်တွင် လူစားဝင် ကစားသမား ကောင်းချစ်နိုင် သွင်းယူပေးသည့် တစ်လုံးတည်းသော ဂိုးဖြင့် ပွတ်ကာသီကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာ အသင်းသည် လာမည့် သြဂုတ်လ ၂၇ ရက်တွင် အရှေ့တီမော အသင်းနှင့် ဒုတိယမြောက် အုပ်စု ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117