Connect with us

Sport

စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့မြန်မာ အားကစား အဖွဲ့ဝင်များ သွားရောက် ယှဉ်ပြိုင်မည်

အားကစား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြည်ပသို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစား အားကစား အဖွဲ့ဝင်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အားကစား ဝန်ကြီးဌာန)

ရန်ကုန် ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ ကျင်းပမည့် လက်ဆင့်ကမ်း လမ်းပေါ် စက်ဘီးပြိုင်ပွဲ နှင့် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာရှအကြီးတန်း အလေးမ ပြိုင်ပွဲများသို့မြန်မာအားကစား အဖွဲ့ဝင်များ သွားရောက် ယှဉ်ပြိုင်ရန် ရှိကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

စင်ကာပူ နိုင်ငံ၌ သြဂုတ်လ ၂၉ ရက်မှ ၃၀ ရက် အထိ ကျင်းပမည့် လက်ဆင့်ကမ်း လမ်းပေါ် စက်ဘီး ပြိုင်ပွဲသို့မြန်မာ အားကစား အဖွဲ့ဝင်များမှ အုပ်ချုပ်သူ နည်းပြ ၊ အားကစားသမား ၇ ဦးနှင့် ၊ ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာရှအကြီးတန်း အလေးမ ပြိုင်ပွဲသို့နည်းစနစ် ကျွမ်းကျင်သူ အဖြစ် နည်းပြ ၂ ဦး ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစား ၂ ဦးတို့သည် သွားရောက် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

ထိုကဲ့သို့ပြည်ပသို့သွားရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစား အဖွဲ့ဝင်များအား မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ၊ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းက မြန်မာ အားကစား အဖွဲ့များသည် ယခုကဲ့သို့ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ပြီး မိမိတို့စံချိန် စံညွှန်းများ မှတ်တမ်း တင်ကာ ပြိုင်ပွဲ အသုံးပြု ပစ္စည်းများအား အံဝင်မှု ရှိ/မရှိ မှတ်သား ထားရန် ၊ ယင်းမှသာ Seagame ပြိုင်ပွဲအတွက် အတွေ့အကြုံ ကောင်းများ ရရှိလာမည် ဖြစ်ကြောင်း ၊ အဖွဲ့ချုပ်များ အနေနှင့် ပြိုင်ပွဲ အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြ စေလိုကြောင်း ၊ ဝန်ကြီးဌာန အနေဖြင့် ပံ့ပိုး ကူညီသွားမည် ဖြစ်ပြီး ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိလာအောင် ကစားကြရန် ယနေ့နေပြည်တော်၌ တွေ့ဆုံ မှာကြားခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117