Connect with us

Sport

မြန်မာ့လက်ရွေးစင်အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အပြီးသတ်လူစာရင်းထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Logo (ဓာတ်ပုံ-MFF)

ရန်ကုန်၊သြဂုတ်၂၃ရက်(ဆင်ဟွာ)

၂၀၁၈ ကမ္ဘာ့ဖလားပွဲ ခြေစစ်ပွဲ နှင့် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် အတွက် မြန်မာ့လက်ရွေးစင် အသင်း ၏အပြီးသတ်လူစာရင်းကို ယနေ့နံနက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် ထုတ်ပြန်လိုက်သည်။

ဂိုးသမားအနေဖြင့် ၃ယောက် ရွေးချယ်ခဲ့ပြီး ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်၊ ရန်အောင်လင်း တို့အားရွေးချယ်လိုက်သည်။

နောက်တန်းလူများ အနေဖြင့် ဒေးဗစ်ဒန်း၊ ကျော်ဇင်လွင်၊ စည်သူအောင်၊ နန္ဒကျော်၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ ဇော်လင်း၊ ဖြိုးကိုကိုသိန်း တို့အားရွေးချယ်လိုက်သည်။

အလယ်တန်း – အောင်သူ၊ ရဲကိုဦး၊ ကျော်မင်းဦး၊ လှိုင်းဘိုဘို၊ ကြည်လင်း သီဟဇော်၊ ရန်အောင်ကျော် မောင်မောင်လွင် တို့အား ရွေးချယ်လိုက်ပြီး ရှေ့တန်း အတွက် နေလင်းထွန်း၊ ကျော်ကိုကို၊ သန်းပိုင်၊ ဆမ်လမ်မန် တို့အား ရွေးချယ်လိုက်သည်ဟု သတင်းထုတ်ပြန်သည်။

မြန်မာအသင်းသည် သြဂုတ်လ ၂၃ ရက် နံနက် ၇ နာရီ တွင် ရန်ကုန်မြို့မှ ထွက်ခွာ မည်ဖြစ်ပြီး UAE နိုင်ငံ အဘူဒါဘီမြို့သို့ ဒေသစံတော်ချိန် နေ့လည် ၂နာရီ တွင် ရောက်ရှိမည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117