Connect with us

Sport

အာရှဘောလုံး အဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တွေ့ဆုံ ဆွေးနွေး

အာရှဘောလုံး အဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ၍ MNL လိဂ်ပြိုင်ပွဲ ပိုမိုတိုးတက် ဖွံဖြိုးရေးနှင့် ၂၀၁၇ ခုနှစ် AFC ချန်ပီယံလိဂ်၊ AFC Cup ပြိုင်ပွဲများတွင် မြန်မာကိုယ်စားပြု ကလပ် အသင်းများ ဝင်ခွင့် အရေအတွက် ပိုမို ရရှိရေး အတွက် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

AFC ကိုယ်စားလှယ် အဖွဲ့သည် MNL ကလပ်အသင်းများ၏ ကလပ်လိုင်စင် ကိစ္စရပ်များ ဆောင်ရွက်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။ MNL အသင်းများ အနေဖြင့် ကလပ်လိုင်စင် ကိစ္စများအား ဆောင်ရွက်နေကြသလို AFC အနေနှင့် လာမည့် ၂၀၁၇ ခုနှစ် အာရှ ချန်ပီယံလိဂ် ACL နဲ့ AFC Cup ပွဲများတွင် မြန်မာ ကိုယ်စားပြု ကလပ်များအနေဖြင့် ဝင်ရောက် ကစားခွင့် အရေအတွက် ပိုမို ရရှိရန် လိုကြောင်း၊ MNL ကလပ်လိုင်စင် သတ်မှတ် စံနှုန်းများလည်း ယခင်နှစ်များ ကထက် တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ လိဂ်ပြိုင်ပွဲ ပိုမို တိုးတက်ရေး အတွက် AFC အနေဖြင့်လည်း မြန်မာအသင်းများ ACL ဝင်ခွင့် အရေအတွက် ပိုမိုရရှိဖို့ တောင်းဆို လိုက်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
AFC ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ် ကာလအတွင်း ရန်ကုန်၊ ရတနာပုံ၊ ဆောက်သမ်း မြန်မာ၊ ဟံသာဝတီ၊ မကွေး စသည့် MNL-1 ကလပ် အသင်းများ၊ ဒဂုံ အက်ဖ်စီ၊ မဟာ ယူနိုက်တက်၊ တက္ကသိုလ်များ ကလပ် အစရှိသည့် MNL-2 အသင်းများထံ သွားရောက်၍ ကလပ်လိုင်စင် ဆိုင်ရာ ကိစ္စများ ဖြည့်ဆည်း ဆောင်ရွက်ထားမှု အခြေအနေ တို့ကို စစ်ဆေးကြည့်ရှု သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.