Connect with us

News

ကနေဒါ တောမီးလောင်ကျွမ်းမှု ဧရိယာ စတုရန်းကီလိုမီတာ ၁၆၀,၀၀၀ ကျော် ရှိ

အော့တဝါ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ယခုနှစ်အတွင်း ကနေဒါနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုပေါင်း ၆,၁၀၀ ကျော် ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ မီးလောင်ကျွမ်းမှု ဧရိယာ စတုရန်းကီလိုမီတာ ၁၆၄,၀၀၀ ဖြင့် စံချိန်တင်များပြားခဲ့ကြောင်း ကနေဒါနိုင်ငံ တောမီးငြိှမ်းသတ်မှု ညှိနှိုင်းရေးစင်တာ၏ ဩဂုတ် ၃ ရက်၌ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ကနေဒါနိုင်ငံတစ်ဝန်း တောမီးလောင်ကျွမ်းသည့်နေရာ ၁,၀၈၅ ခု ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၇၁၃ နေရာမှာ ထိန်းချုပ်နိုင်စွမ်းမရှိသည့်အနေအထားတွင် ဖြစ်နေကြောင်း အဆိုပါ စင်တာ၏ အချက်အလက်များအရ သိရသည်။ ၎င်းတို့အနက် ဗြိတိသျှ ကိုလံဘီယာပြည်နယ်၏ မီးဘေးအခြေအနေမှာ အဆိုးရွားဆုံး ဖြစ်ကြောင်း ၊ လက်ရှိတွင်လည်း တောမီးလောင်ကျွမ်းမှုကြောင့် ဗန်ကူးဗားစသည့် အနောက်ပိုင်းဒေသ နေရာအများအပြားတွင် မီးခိုးများ ပြည့်နှက်လျက်ရှိကြောင်း သိရသည်။

ကနေဒါနိုင်ငံသည် သမိုင်းတွင် အဆိုးရွားဆုံးသော တောမီးလောင်ကျွမ်းမှုကာလကို ဖြတ်သန်းလျက်ရှိရာ ပြီးခဲ့သည့်အပတ်တွင် ဗြိတိသျှ ကိုလံဘီယာပြည်နယ်နှင့် နိုင်ငံအနောက်မြောက်ပိုင်းဒေသများက အရေးပေါ်အခြေအနေ ရက်သတ္တပတ် ၂ ပတ် ထပ်တိုးရန် ကြေညာခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
加拿大森林火灾过火面积超过16万平方公里
新华社渥太华9月3日电(记者林威)加拿大跨部门林火中心3日最新数据显示,今年以来加拿大已发生6100多起森林火灾,截至目前,累计过火面积已达16.4万平方公里,持续破历史纪录。
根据该中心数据,加拿大全国仍有1085处在燃野火,其中713处处于失控状态。其中,西海岸的不列颠哥伦比亚省火势最为严重。目前,野火燃烧产生的烟雾持续笼罩温哥华等西部大片地区。
加拿大正经历有史以来最严重的野火季。上周,不列颠哥伦比亚省和西北地区均宣布延长紧急状态两周时间。