Connect with us

News

မြန်မာနိုင်ငံတွင် ၅ လအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာ

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- DICA)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမငါးလတွင် အမေရိကန်ဒေါ်လာ ၄၈၄ သန်းကျော်ရှိပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၆၀.၆၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလီယံကျော် ရရှိခဲ့ကြောင်း DICA ၏ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါ ငါးလတာကာလအတွင်း တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဆမ်မိုအာနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗြိတိန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခဲ့ကြကြောင်း DICA ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကာလအတွင်း လျှပ်စစ်ကဏ္ဍမှ မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၃၁၇ သန်းကျော်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်မူ အမေရိကန်ဒေါ်လာ ၆၃ သန်းကျော် ဝင်ရောက်ခဲ့ ကြောင်း DICA ၏ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အဆိုပါကာလအတွင်း မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံများဖြစ်ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)