အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ခရီးသည် ၁၀၀ကျော် တင်ဆောင်လာသည့် ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (PIA) ပိုင် လေယာဉ်တစ်စီးသည် မေ ၂၂ ရက် မွန်းလွဲပိုင်းက ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့တွင် ပျက်ကျခဲ့သည်ဟု ဒေသတွင်းမီဒီယာက သတင်းဖော်ပြချက်အရ သိရသည်။
နေပြည်တော်၊ မေ ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းကို လာမည့် ဇွန်လဆန်းမှ စပြီး လူဦးရေ ပိုမို များပြားစွာ စစ်ဆေးပေးနိုင်တော့မည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ...
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ ခြောက်ခုမြောက် ကမ္ဘာ့အဆင့်အရေးပါသော “ရမ်ဆာ” ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းနှင့် မေယုမြစ်ဝကို သတ်မှတ်ခြင်းခံခဲ့ရသဖြင့် နိုင်ငံအတွက် ဂုဏ်ယူမိကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မေ၂၁ ရက်မှ ၂၂ ရက် တွင် ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း အား နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ်မှစတင်ပြီး အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဒေသကြီး တရားရုံးက ယနေ့ မေ ၂၂ ရက်၌ အမှု(၄)မှုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ တရားရေးဦးစီးမှူး...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နည်းပြအပြောင်းအလဲပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို မေ ၂၂ ရက် တွင်ပြောသည်။
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ၏ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မှုနှုန်းကို ၆.၆ ရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း မေ ၂၂ ရက်နေ့ ဘတ်ဂျက်အစီရင်ခံစာမူကြမ်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်ပေါင်း ၅၃ ကွက်နှင့် ကမ်းလွန်လုပ်ကွက်ပေါင်း ၅၁ ကွက်၊ စုစုပေါင်း ၁၀၄ ကွက်ရှိဖြင့် ရေနံရှာဖွေရေး ကိုဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဆင်ဟွာကို မေ ၂၂...
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွက် သီးခြားစီးပွားရေး ဖွံ့ဖြိုးမှု ရည်မှန်းချက်များမချမှတ်သော်လည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အောင်နိုင်ရေးနှင့် အလယ်အလတ်အဆင့် ဘက်စုံသာယာဝပြောသည့် လူမှုအသိုင်းအဝိုင်း ပြီးပြည့်စုံစွာတည်ဆောက်ရေး အစရှိသည့် ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်ရေးအတွက် သေသေချာချာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဥပဒေပြုရေးအစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏လုပ်ငန်းအစီရင်ခံစာအရ သိရသည်။