Connect with us

Economy

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု ပူးပေါင်း ဆောင်ရွက်ခြင်းမှ မြန်မာနိုင်ငံ အကျိုးကျေးဇူး ရရှိနိုင်မည်ဟု ပညာရှင် သုံးသပ်

ခေတ်သစ် ပိုးလမ်းမကြီး နှင့် ပတ်သက်၍ Myanmar-ISIS မှ တွဲဖက် အတွင်းရေးမှူး(၁) ဦးခင်မောင်လင်းက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ပူးပေါင်း ဆောင်ရွက်ခြင်းမှ အကျိုးကျေးဇူး ရရှိနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ (Myanmar-ISIS) မှ တွဲဖက် အတွင်းရေးမှူး(၁) ဦးခင်မောင်လင်းက ဆင်ဟွာ သတင်းဌာနသို့ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံကလဲ ပိုးလမ်းမကြီးရဲ ့လမ်းကြောင်းမှာ ရှိနေတဲ့ အတွက်ကြောင့် ဒီဟာကို ပါဝင်ခြင်း အားဖြင့် တစ်ခြား နိုင်ငံတွေနဲ့ပူးပေါင်း ဆောင်ရွက်မှု ပိုမြှင့်တင် နိုင်မယ်။နိုင်ငံ အတွက် ကုန်သွယ်ရေး အခွင့်အလမ်းတွေ ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ၊ အခြေခံ အဆောက်အအုံ တည်ဆောက်မှု အားလုံးဟာ အကျိုး ရှိစေမည့် စီမံကိန်း တစ်ရပ် ၊ မဟာ ဗျုဟာ တစ်ရပ် ဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်နိုင်ငံနဲ့သင့်လျှော်မယ့်ဟာတွေ အကုန်လုံးမှာ ပါဝင်သင့်တယ်။”ဟု Myanmar-ISIS မှ တွဲဖက် အတွင်းရေးမှူး(၁) ဦးခင်မောင်လင်းက ပြောသည်။

ပိုးလမ်းမကြီး၏ အဓိက မောင်းနှင်စွမ်းမှာ ပါဝင် ပတ်သက်သော နိုင်ငံအားလုံး ၊ နိုင်ငံပေါင်း ၆၀ကျော်မှ စိတ်ပါဝင်စားစွာဖြင့် မဟာဗျူဟာ အပေါ်တွင် ယုံကြည်မှု အပြည့်အ၀ နှင့် ပူးပေါင်း ဆောင်ရွက်မှုမှာ အဓိက အရေးကြီးသည့် အချက်ဖြစ်ကြောင်း ၊ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဖော်ဆောင်သည့် ခေတ်သစ် ပိုးလမ်းမကြီးသည် ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေကို သုံးသပ်ပြီး အာရှ ၊ ဥရောပ ၊ အာဖရိက ၊ အရှေ့အလယ်ပိုင်း အားလုံး ပေါင်းစပ်ပြီး နိုင်ငံ အားလုံး ပါဝင် လုပ်ကိုင်နိုင်သည့် ဗျူဟာ တစ်ရပ် ဖြစ်ပြီး စီးပွားရေး အရ အလွန် လိုအပ်သည့် အစီအမံ တစ်ရပ် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ခေတ်သစ်ပိုးလမ်းမကြီး နှင့် ဆက်စပ်နေသည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ(BCIM) စီးပွားရေး စြင်္က ံလမ်းအား အသုံးချနိုင်ရန် လေးနိုင်ငံလုံး စည်းလုံး ညီညွှတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး၏ မူဘောင် အတွင်း နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုတွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရန် အရေးကြီး ဦးစားပေး လုပ်သင့်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီးအား တရုတ်နိုင်ငံမှ အဆိုပြုသည့် ချိတ်ဆက်မှု ၅ ခုဖြစ်သည့် နိုင်ငံရေး မူဝါဒ ဖလှယ်မှု ၊ အခြေခံ အဆောက်အဦး ချိတ်ဆက်မှု ၊ ကုန်သွယ်ရေး အဆင်ပြေ ချောမွေ့မှု ၊ ငွေကြေး ပူးပေါင်း ချိတ်ဆက်မှု ၊ ပြည်သူ နှလုံးသားချင်း ချိတ်ဆက်မှု နှင့် နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု တို့သည် တစ်ပြိုင်နက် လုပ်ဆောင်ရမည် ဖြစ်ပြီး မျှတသည့် မူဝါဒ နှင့် အစီအစဉ်များ လိုအပ်ကြောင်း ၊ ညီညွှတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် မည်သည့် အခက်အခဲ ၊ အတားအဆီး ကိုမဆို ကျော်ဖြတ် နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

ထို့ပြင် ခေတ်သစ် ပိုးလမ်းမကြီးသည် ကမ္ဘာ့စီးပွားရေးအား အကျိုးပြုနိုင်မည့် အလားအလာ ရှိသည့် စီးပွားရေး မဟာဗျူဟာ တစ်ရပ် ဖြစ်ကြောင်း တွဲဖက် အတွင်းရေးမှူး(၁) ဦးခင်မောင်လင်းက ပြောသည်။

“ပိုးလမ်းမကြီးကြောင့် ကိုယ့် နိုင်ငံ အချင်းချင်း ၊ အာရှနဲ့ဥရောပ ပိုပြီးတော့ ကုန်သွယ် လာနိုင်မယ်။အာဖရိက က ကုန်တွေ ပိုပြီးတော့ ထွက်လာမယ်။အရှေ့အလယ်ပိုင်းကလဲ ပိုပြီးတော့ ကုန်စည် စီးဆင်းမှု ပိုပြီး ကောင်းလာမယ် ဆိုလို့ရှိရင် ကမ္ဘာ့စီးပွားရေးကို အကျိုးပြုမှာပေါ့။ဒါကလဲ အလားအလာ ရှိတဲ့ စီးပွားရေး မဟာ ဗျုဟာ တစ်ရပ်ပေါ့။”ဟု ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု နှင့် ပတ်သက်၍ ဦးခင်မောင်လင်းက နှစ်နိုင်ငံ ခေါင်းဆောင်တို့အကြားတွင် အပြန်အလှန် နားလည်မှု တည်ရှိပြီး ကောင်းမွန်သော ချစ်ကြည် ဆက်ဆံရေး နှင့် ပွင့်လင်းသော ဖလှယ်မှုများ ရှိကြောင်း ၊ ထို့ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ ပြည်သူလူထု အတွက် အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်တိုင်းတွင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းသည်လည်း ခေတ်သစ် ပိုးလမ်းမကြီး မူဘောင်အောက်တွင် ဆောင်ရွက် ခဲ့သည့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှ တဆင့် တရုတ်နိုင်ငံ အနောက်ပိုင်းသို့ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ကို ပို့ဆောင်ပေးသည့် ပိုက်လိုင်း တစ်ခု ဖြစ်ကြောင်း ၊ ထို့အတူ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ(BCIM) စီးပွားရေး စြင်္က ံသည်လည်း ခေတ်သစ် ပိုးလမ်းမကြီး၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ ထိုအရာ အားလုံးတွင် နိုင်ငံ အသီးသီး ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး၏ ရည်ရွယ်ချက်များမှာ ကောင်းမွန်ပြီး နိုင်ငံ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မှု ရရှိရန် အရေးကြီးကြောင်း ၊ အလွန်ကောင်းမွန်သည့် အစီအမံ ဖြစ်သည့် အတွက် မည်ကဲ့သို့အောင်မြင်အောင် လုပ်ဆောင်ကြမည် ဆိုသည်ကိုသာ စဉ်းစားကြရန် လိုအပ်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး (Belt And Road) သည် ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်း နှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းကို ပေါင်းစပ် ခေါ်ဝေါ်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.