Connect with us

Economy

မြန်မာ-တရုတ် နှစ်နိုင်ငံ တိုက်ရိုက်ပျံသန်းမည့် ခရီးစဉ်သစ် မြန်မာအမျိုးသား လေကြောင်းလိုင်း မှ တိုးချဲ့ပျံသန်း

တရုတ် နိုင်ငံ ချန်ဒူးမြို့ နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြား တိုက်ရိုက် ပျံသန်းမည့် ခရီးစဉ်သစ် မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်များအမှတ်တရဓာတ်ပုံ စုပေါင်းရိုက်ကူးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာ အမျိုးသား လေကြောင်းလိုင်း ၏ ဆဌမမြောက် နိုင်ငံတကာ ခရီးစဉ် ဖြစ်သော တရုတ် နိုင်ငံ ချန်ဒူးမြို့ နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြား တိုက်ရိုက် ပျံသန်းမည့် ခရီးစဉ်သစ် မိတ်ဆက်ပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း တွင် ရန်ကုန် မြို့ရှိ မြန်မာ အမျိုးသား လေကြောင်းလိုင်းရုံး တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

မြန်မာ အမျိုးသား လေကြောင်းလိုင်း CEO captain သန်းထွန်း က အခမ်းအနား ၌ အမှာစကား ပြောကြားရာတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် တရုတ် နိုင်ငံ ချန်ဒူး လေဆိပ် အပြန်အလှန် တိုက်ရိုက် ပျံသန်း နိုင်မည့် လေကြောင်း ခရီးစဉ် အသစ် အား ဆောင်ရွက်ရန် အတွက် အချိန် တစ်နှစ်ခွဲကြာ စီစဉ် ခဲ့ရကြောင်း ၊ လက်ရှိချိန် တွင် တရုတ် နိုင်ငံ လူမျိုးများ က ကမ္ဘာအနှံ့ တွင် ခရီးသွားလာမှုများ ဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ရပြီး မြန်မာ နိုင်ငံ သို့ တရုတ် နိုင်ငံ ခရီးသွား ဧည့်သည်များ ပိုမို လာရောက် နိုင်ရန် အတွက် လေကြောင်းခရီးစဉ် သစ် အား တိုးချဲ့ ပျံသန်း ခဲ့ခြင်း ဖြစ်ကြောင်း ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် တရုတ် နိုင်ငံ ချန်ဒူး လေဆိပ် အကြား တိုက်ရိုက် ပျံသန်းရန် အတွက် လေယာဉ်သစ်များလည်း တိုးချဲ့ထားပြီး ယခုလ ၂၈ ရက် မှ စ၍ စတင် ပျံသန်း သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ချန်ဒူးမြို့ နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြား တိုက်ရိုက် ပျံသန်းမည့် ခရီးစဉ်သစ် မိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ အမျိုးသား လေကြောင်းလိုင်း CEO captain သန်းထွန်း က ခရီးစဉ်သစ် မိတ်ဆက်ပွဲ အခမ်းအနား ၌ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ အမျိုးသား လေကြောင်းလိုင်း Chief Commercial Officer ဦး နိုင်စောလွင် က ခရီးစဉ်သစ် မိတ်ဆက်ပွဲ အခမ်းအနား ၌ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ အမျိုးသား လေကြောင်းလိုင်း Chief Commercial Officer ဦး နိုင်စောလွင် က တရုတ် နိုင်ငံ ချန်ဒူး မြို့ သို့ တိုက်ရိုက်ပျံသန်းရန် အတွက် ၂၀၁၇ မတ်လ တွင် စတင်ဆောင်ရွက် ခဲ့ပြီး Boeing 737-800 NG အမျိုးအစား လေယာဉ်ဖြင့် ပျံသန်း သွားမည် ဖြစ်ကြောင်း ၊ မြန်မာ အမျိုးသား လေကြောင်းလိုင်း အနေဖြင့် Business class ဖြင့် လိုက်ပါမည့် ခရီးသည်များ အတွက် ရန်ကုန် နှင့် ချန်ဒူး လေဆိပ်များတွင် Lounge အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဈေးနှုန်းအားဖြင့်လည်း အသက်သာဆုံး ဖြစ်အောင် ဆောင်ရွက်ပေးထားကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် တရုတ် နိုင်ငံ ချန်ဒူး အပြည်ပြည်ဆိုင်ရာ လေဆိပ်အကြား အပြန်အလှန် တိုက်ရိုက်ပျံသန်းမည့် ခရီးစဉ် အား တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းပေး သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ မှ ည၁၀ နာရီ ၂၀ မိနစ် တွင် ထွက်ခွာမည် ဖြစ်ပြီး ချန်းဒူ မြို့ မှ ရန်ကုန် သို့ နံနက် ၃ နာရီ ၃၅ မိနစ် တွင် ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း ၊ ဈေးနှုန်းအားဖြင့် ရန်ကုန်-ချန်ဒူး-ရန်ကုန် အသွားအပြန် ခရီးစဉ် အတွက် Economic class အနေဖြင့် USD ၃၃၀ ဖြင့် စတင်ရောင်းချ ပေးသွားမည် ဖြစ်ပြီး Business class အနေဖြင့် USD ၉၀၀ ခန့်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၊ ခရီးစဉ် ပျံသန်းချိန် အားဖြင့် ၂ နာရီ ၂၅ မိနစ် ကြာမြင့်မည်ဖြစ်ပြီး ချန်ဒူး မြို့ မှ လာရောက် သည့် တရုတ် နိုင်ငံ မှ ခရီးသည် များ ငွေဆောင် ကမ်းခြေ သို့ သွားရောက်လည်ပတ်နိုင်ရန် အတွက် ITA ကုမ္ပဏီ နှင့် ပူးပေါင်း၍ ရန်ကုန် – ပုသိမ် လေကြောင်း ခရီးစဉ် ကိုလည်း ချိတ်ဆက် ဆောင်ရွက်ထားကြောင်း သိရှိရသည်။(Xinha)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.