Connect with us

Economy

တရုတ်နိုင်ငံ ဟိုင်နန်လေကြောင်းလိုင်း၏ ချုံချင့် – ရန်ကုန် တိုက်ရိုက်ပျံသန်းမှု ပထမဆုံးခရီးစဉ် ယနေ့စတင်

အခမ်းအနား စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်လေကြောင်းလိုင်း၏ ချုံချင့်-ရန်ကုန်၊ ရန်ကုန်-ချုံချင့် တိုက်ရိုက်ပျံသန်းမှုခရီးစဉ် စတင်ခြင်းအား ကြိုဆိုသည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး ယွီပြင်းကျန်း (Yu Bianjiang)နှင့် ဟိုင်နန်လေကြောင်းလိုင်းမှ တာဝန်ရှိသူများ ၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး ယွီပြင်းကျန်း (Yu Bianjiang)မှ အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်များမှ အခမ်းအနား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

အခမ်းအနား ကျင်းပသည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနား ကျင်းပသည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနား ကျင်းပသည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းက ဟိုင်နန်လေကြောင်းလိုင်း၏ တရုတ်နိုင်ငံ ချုံချင့်မြို့မှ မြန်မာနိုင်ငံရန်ကုန်မြို့သို့ အပြန်အလှန်တိုက်ရိုက်ပျံသန်းမှုခရီးစဉ်သစ် ဖွင့်လှစ်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ လေကြောင်းအဆက်အသွယ်အဆက်မပြတ်တိုးတက်ဖွံ့ဖြိုးလာမှုကို ဖော်ဆောင်ကြောင်း ၊ လေကြောင်းလိုင်းသစ်ဖွင့်လှစ်ခြင်းက နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေးတိုးပွားစေမည်ဖြစ်သလို ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတိုးတက်မှုအတွက် အကျိုးအမြတ်များ သယ်ဆောင်ပေးနိုင်မည်ဖြစ်သောကြောင့် အထူးပင်ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး ယွီပြင်းကျန်း (Yu Bianjiang)ကလည်း တရုတ်-မြန်မာနှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သလို သမိုင်းယဉ်ကျေးမှု အမွေအနှစ်များ ခရီးသွားအရင်းအမြစ်များစွာရှိကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဦးရေ ၃ သိန်းနီးပါးခန့်ရှိရာ၂၀၁၇ ခုနှစ်နှင့်ယှဉ်လျှင် ၄၀ ရာခိုင်နှုန်းတိုးပွားလာကြောင်း ၊ မြန်မာခရီးသွားကဏ္ဍတွင် တရုတ်နိုင်ငံသည် အဓိကကျသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း ၊ လက်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံအကြားပျံသန်းသည့် လေကြောင်းခရီးစဉ် တစ်ပတ်တွင် ၁၀၀ နီးပါးခန့်ရှိရာ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း ၊ ယခုကဲ့သို့ တိုက်ရိုက်ပျံသန်းမှု ခရီးစဉ် ထပ်တိုးဖွင့်လှစ်ခြင်းက ခရီးသွားများအတွက် ပိုမိုအဆင်ပြေ လွယ်ကူစေနိုင်ရာ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၏ဆက်သွယ်မှုကို အထောက်အပံ့ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ဟိုင်နန်လေကြောင်းလိုင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြေးဆွဲပျံသန်းသည့် ၃၂ လိုင်းမြောက် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ချုံချင်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အပြန်အလှန်တိုက်ရိုက်ပျံသန်းသည့်ခရီးစဉ်အား တစ်ပတ်လျှင် တနင်္လာ ၊ ဗုဒ္ဓဟူူး ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ၄ ကြိမ် ပျံသန်းပေးသွားမည် ဖြစ်ကြောင်း ၊ ချုံချင့်-ရန်ကုန် ခရီးစဉ်ကို Flight No. HU709ဖြင့် ချုံချင့်မှ ၉ နာရီ ၀၅ မိနစ်တွင် စတင်ပျံသန်းမည်ဖြစ်ပြီး ရန်ကုန်သို့ ၁၀နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ချုံချင်းခရီးစဉ်ကို Flight No. HU710ဖြင့် ရန်ကုန်မှ ၁၂ နာရီ ၀၅ မိနစ်တွင် ပျံသန်းမည်ဖြစ်ပြီး ချုံချင့်သို့ ၁၆ နာရီ ၃၀ မိနစ်တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.