Connect with us

Economy

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ်(ICBC) ရုံးခန်းသစ် ဖွင့်ပွဲ နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ရှင်းလင်းတင်ဆက်ပွဲ အခမ်းအနားကျင်းပ

တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ်(ICBC) ရန်ကုန် ဘဏ်ခွဲ ရုံးခန်းသစ် အား ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ် (ICBC) ရုံးခန်းသစ် ဖွင့်ပွဲ နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ရှင်းလင်းတင် ဆက်ပွဲ အခမ်းအနား ကို သြဂုတ်လ ၂၄ ရက် တွင် ရန်ကုန်မြို့ ၊ Crystal Tower ရှိ ICBC ရုံးခန်း တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း ၊ မြန်မာ နိုင်ငံ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲ့ကော်ရှန် ၊ ရန်ကုန် ICBC ဘဏ် ဥက္ကဋ္ဌ မစ္စတာ ဟယ်ပိချင်း (Mr.He Biqing) ၊ မြန်မာ နိုင်ငံ အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ICBC ဘဏ် သည် တရုတ် နိုင်ငံ နှင့် ကမ္ဘာပေါ် ရှိ အကြီးဆုံးသော စီးပွားရေး ဆိုင်ရာ ဘဏ် တစ်ခု ဖြစ်ကြောင်း ၊ ICBC ဘဏ် က ၂၀၁၅ ခုနှစ် တွင် မြန်မာ နိုင်ငံ ၌ ဘဏ် ခွဲ စတင် ထူထောင် ခဲ့ပြီး လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ရှိ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အထိရောက်ဆုံး ပေးစွမ်း နိုင်သော ဘဏ် တစ်ခု အပါအဝင် ဖြစ်လာခဲ့ကြောင်း ၊ ICBC ဘဏ် အနေဖြင့် မြန်မာ နိုင်ငံ တွင် CSR လုပ်ငန်းများ ကိုလည်း တာဝန်ကျေစွာ ဆောင်ရွက် ခဲ့သောကြောင့် မြန်မာ နိုင်ငံ ကဏ္ဍ အသီးသီး ၏ ချီးကျူးအားပေးမှု ကို ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး နှင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေး တို့တွင် အရေးပါသည့် သဘောတူညီမှုများ ရရှိထားပြီး ငွေကြေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သည်လည်း ယင်း ဖော်ဆောင်မှု နှစ်ခု အတွက် လွန်စွာ အရေးပါကြောင်း ၊ လက်ရှိ နိုင်ငံတကာ ငွေလဲလှယ်နှုန်း ကြီးမားစွာ အပြောင်းအလဲ ဖြစ်ပေါ် နေချိန်တွင် နှစ်နိုင်ငံ အနေဖြင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ဆောင်ရွက်ပြီး နှစ်နိုင်ငံ ငွေကြေးဆိုင်ရာ လဲလှယ်မှု နှင့် တရုတ် ယွမ်ငွေ (RMB) ဖြင့် စာရင်းရှင်းတမ်း ပြုလုပ်သည့် သဘောတူညီမှု စာချုပ်များ ဆောလျှင်စွာ ရေးထိုးသွားသင့်ကြောင်း ၊ နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍ ပုဂ္ဂိုလ်များ အနေဖြင့် မြန်မာ နိုင်ငံ တွင် မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်း ဖွဲ့စည်းရန် တက်ကြွစွာ စီစဉ်ဆောင်ရွက်နေပြီး ယင်းဆောင်ရွက်မှု က တရုတ်-မြန်မာ ခေတ်သစ်ပိုးလမ်းမကြီး နှင့် စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေး အတွက် ပိုမို အထောက်အကူ ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ်(ICBC) ရန်ကုန် ဘဏ်ခွဲ ရုံးခန်းသစ် ဖွင့်ပွဲ အခမ်းအနား တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ်(ICBC) ရန်ကုန် ဘဏ်ခွဲ ဥက္ကဋ္ဌ မစ္စတာ ဟယ်ပိချင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ်(ICBC) ရန်ကုန် ဘဏ်ခွဲ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လီရဲ့လင် ( Mr.Li Yelin) ရှင်းလင်းတင်ပြနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ်(ICBC) ရန်ကုန် ဘဏ်ခွဲ နှင့် ဘဏ္ဍာရေးဆိုင်ရာ အထွေထွေ မန်နေဂျာ မစ္စတာ တုန့်ဝေ (Mr.Dou Wei) ရှင်းလင်းတင်ပြနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ICBC ဘဏ် သည် မြန်မာ နိုင်ငံ ဗဟိုဘဏ် မှ နိုင်ငံခြား ဘဏ်များအား လုပ်ငန်း ဆောင်ရွက်မှု လိုင်စင် ချထားပေးရာတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့ကြောင်း ၊ ICBC ဘဏ် အနေဖြင့် မြန်မာ နိုင်ငံ ၌ ဘဏ်ခွဲ တည်ထောင် ခဲ့သည့် ၃ နှစ် တာ ကာလ အတွင်း အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်း အတွက် အရေးပါသည့် ပေါင်းကူးတံတား ဖြစ်စေခဲ့ကြောင်း ၊ ICBC ရန်ကုန်ဘဏ်ခွဲ အနေဖြင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် များစွာ ဆောင်ရွက်ပေးခဲ့ပြီး မြန်မာ နိုင်ငံ အနာဂတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ ICBC ဘဏ် အနေဖြင့် မြန်မာ နိုင်ငံ ပြည်တွင်း ဘဏ် လုပ်ငန်းများ နှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွက် မြန်မာ နိုင်ငံ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက်အကူ ဖြစ်စေခဲ့သောကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် ICBC ဘဏ်ခွဲ ဥက္ကဋ္ဌ မစ္စတာ ဟယ်ပိချင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ၂၀၁၅ ခုနှစ် တွင် ICBC ဘဏ် အနေဖြင့် မြန်မာ နိုင်ငံ သို့ စတင် ရောက်ရှိလာခဲ့ပြီး မြန်မာ နိုင်ငံ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဝန်ဆောင်မှုများ စတင် ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ လက်ရှိ အသစ် ဖွင့်လှစ် လိုက်သည့် ICBC စင်တာ အနေဖြင့် ငွေကြေး ဆိုင်ရာ ဘက်စုံ ဝန်ဆောင်မှုများ ပေးနိုင်ရန် အတွက် စုစည်းထားပြီး ငွေကြေးဆိုင်ရာ အသိပညာ သင်ကြားပို့ချမှုများလည်း ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်း ၊ ICBC ဘဏ် အနေဖြင့် ၃ နှစ် တာ ကာလ အတွင်း မြန်မာ နိုင်ငံ ဒေသတွင်း အခြေအနေ နှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများ ပေးရန် ကို ဦးတည်၍ ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်းရှိ CSR လုပ်ငန်းများကိုလည်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး မြန်မာ နိုင်ငံ ပြည်သူလူထု ပိုမို အကျိုးဖြစ်ထွန်းစေရန် အတွက် ဆောင်ရွက် ပေးခဲ့ကြောင်း ၊ ICBC ဘဏ် အနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အသိပညာ များကို ကူညီ ထောက်ပံ့ပေးသွားပြီး မြန်မာ နိုင်ငံ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ကြွရောက် လာကြသည့် ဧည့်သည်တော် များက ICBC ဘဏ် ရုံးခန်းသစ် ဆိုင်းပုဒ် အား အတူတကွ ဖွင့်လှစ် ပေးခဲ့ပြီး ရုံးခန်းသစ် အတွင်း သို့ လိုက်လံ ကြည့်ရှု ခဲ့ကြသည်။

ICBC ဘဏ် ရန်ကုန် ဘဏ်ခွဲ ၏ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနား တွင် ငွေကြေးဆိုင်ရာ ပညာရှင်များ ဖြစ်ကြသည့် ICBC ဘဏ် ရန်ကုန် ဘဏ်ခွဲ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လီရဲ့လင် ( Mr.Li Yelin) နှင့် ဘဏ္ဍာရေးဆိုင်ရာ အထွေထွေ မန်နေဂျာ မစ္စတာ တုန့်ဝေ (Mr.Dou Wei) တို့က မြန်မာ နိုင်ငံ မက်ခရိုစီးပွားရေး အခြေအနေ နှင့် ၂၀၁၈ ခုနှစ် နိုင်ငံတကာ မက်ခရိုစီးပွားရေး လည်ပတ်မှု နှင့် အနာဂတ် အလားအလာ တို့နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း သုံးသပ် တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.