Connect with us

Economy

ထောပတ်သီးစိုက်ပျိုးကွင်းခြောက်ခုတွင် အဖျက်ပိုးသုတေသနလေ့လာမှုများဆောင်ရွက်လျက်ရှိ

ထောပတ်သီးများအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ဇွန် ၃ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသီးသန့်ရန်ပုံငွေ၏ထောက်ခံအားပေးမှုဖြင့် “သန့်ရှင်းရေးနှင့်အပင်ရောဂါနှင့်ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးမှုအစီအမံများ ပြုပြင်ခြင်းမှတစ်ဆင့် လန်ချန်း-မဲခေါင်ဒေသတွင်း လတ်ဆတ်သောသစ်သီးဝလံများကုန်သွယ်ရေးတိုးမြှင့်မှုစီမံကိန်း”ကို ၂၀၂၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံ၌စတင်ဖော်ဆောင်ခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ဇွန်၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင်မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့၊ရှမ်းပြည်နယ်နောင်ချိုမြို့၊တောင်ကြီးမြို့စသည့်နေရာရှိထောပတ်သီးစိုက်ပျိုးကွင်းခြောက်ခုတွင် အဖျက်ပိုးသုတေသနလေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဖျက်ပိုးများအား သုတေသနလေ့လာခြင်းဖြင့် အသီးများရောဂါဖြစ်ပွားခြင်းကိုရှောင်ကြဉ်ရန်အထောက်အကူပြုပြီးမြန်မာ့ ထောပတ်သီးအရည်အသွေးကိုနိုင်ငံတကာစံနှုန်းမီသွားစေမည်ဖြစ်သဖြင့်ပို့ကုန်သွင်းကုန်လုပ်ဆောင်ရေးကိုမြှင့်တင်လျက် မြန်မာတောင်သူများဝင်ငွေတိုးပွားစေရန်အထောက်အကူပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)