Connect with us

Business

မန္တလေးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၃ ကို ဒီဇင်ဘာလတွင် ကျင်းပမည်

မန္တလေးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၃ ကြော်ငြာကိုတွေ့ရစဉ် (ဓာတ်ပုံ- မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မန္တလေး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၃ ကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဒီဇင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ နိုဝင်ဘာ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ကျုံးမြို့ရိုးကို တွေ့ရစဉ် (ဆင်ဟွာ)

“ဒီပွဲက ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပါတယ်။ ပြခန်းပေါင်း ၂၆၂ ခန်း ပါပါတယ်။ နိုင်ငံတကာက ပြခန်းတွေများပါတယ်။ ကျွန်တော်တို့ ပွဲကိုယ်တိုင်က Mandalay International Trade Fair and Business Forum ဆိုပြီးနာမည်ပေးထားတဲ့အတွက် နိုင်ငံတကာက လုပ်ငန်းရှင်တွေ ပြသစေတာ ပိုများတာပေါ့” ဟု ဦးဝင်းဌေးကပြောသည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် မတ် ၁၉ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံကတော့ ပြခန်းပေါင်း ၇၀ ကျော်ယူထားတယ်။ တခြားနိုင်ငံတွေကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ တခြားနိုင်ငံတွေကလည်း ဒီဖိုရမ်မှာ ပါဝင်ပြသကြမှာပါ” ဟု ဦးဝင်းဌေးက ပြောသည်။

အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံမှ ပြခန်း ၃ ပုံ ၁ ပုံ ပါဝင်ပြသမည်ဖြစ်ပြီး လယ်ယာသုံးထွက်ကုန်နှင့် ပစ္စည်းများ၊ ချည်ထည်များနှင့် ကျောက်မျက်ရတနာများ ပြသသွားမည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
“တရုတ်နိုင်ငံဘက်ကတော့ လက်ရှိ စွမ်းအင်အတွက်လိုအပ်တဲ့ ဆိုလာတို့၊ ဘက်ထရီတို့၊ အင်ဗာတာတို့ နဲ့ စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းတွေရယ်၊ နောက်ပြီး တရုတ်နိုင်ငံရဲ့ လူသုံးကုန်ပစ္စည်းတွေကို ပြသသွားမှာပါ” ဟု ဦးဝင်းဌေးက ပြောသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုအပြီး နိုင်ငံတကာနှင့် သွားလာမှုများလည်း နည်းနေဆဲဖြစ်သောကြောင့် ယခုပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“နိုင်ငံတကာနဲ့လည်း အသွားအလာ နည်းနေတဲ့အချိန်မှာ တစ်ချက်ခုတ် ၃ ချက်ပြတ်ပေါ့။ ပထမတစ်ချက်က အေးအေးချမ်းချမ်းလာပြီးတော့ ပြသရောင်းချလို့ရတာကို မြင်စေချင်တာက တစ်ပိုင်း၊ နောက်တစ်ခုက သူတို့ရဲ့ နောက်ဆက်တွဲ ဟိုတယ်ခရီးလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာအောင်ကလည်းတစ်ပိုင်း ၊ ကုန်သည်တွေအတွက် မပြသရတာကြာတဲ့ စီးပွားရေးကို အချိတ်အဆက်တွေ ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုပွဲကို ကျင်းပတာဖြစ်ပါတယ်” ဟု ဦးဝင်းဌေးက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါကုန်စည်ပြပွဲနှင့် ဖိုရမ်ကျင်းပရခြင်း အကျိုးကျေးဇူးအနေဖြင့် မန္တလေးတိုင်းဒေသကြီး၏ အချက်အချာကျမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အနေအထားကိုလည်း သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

 

 

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117