Connect with us

Sino-Myanmar

တရုတ်-မြန်မာနယ်စပ်ရွှေလီနယ်စပ်ဂိတ်တွင် ကုန်ပစ္စည်းပို့ဆောင်မှုဘက်စုံပြန်လည်ဖော်ဆောင်

တရုတ်-မြန်မာနယ်စပ်ရွှေလီနယ်စပ်ဂိတ်အားတွေ့ရစဉ် (ဓာတ်ပုံ -ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာနယ်စပ်ရွှေလီနယ်စပ်ဂိတ်တွင် ကုန်ပစ္စည်းပို့ဆောင်မှုဘက်စုံပြန်လည်ဖော်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ချက်အရသိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၆  နာရီတွင် တရုတ်တိုင်းရင်းဆေးပစ္စည်းများ အပြည့်တင်ဆောင်ထားသည့် ကုန်တင်ကားတစ်စီးသည် မြန်မာနိုင်ငံ မူဆယ်မြို့မှ ရွှေလီနယ်စပ်ဂိတ်သို့ တဖြည်းဖြည်းချင်းမောင်းနှင်သွားကာ မူလကားမှ ယာဉ်မောင်းက ပြည်ဝင်လုပ်ငန်းဆိုင်ရာများကို တိုက်ရိုက်လုပ်ဆောင်နေခြင်းကြောင့် ဇန်နဝါရီလ ၂၅ ရက်တွင် ပထမဆုံးအသုတ် ပြည်ဝင်ပြည်ထွက်ခရီးသွားများက ရွှေလီနယ်စပ်ဂိတ်မှ အဆင်ပြေချောမွေ့စွာဖြတ်သန်းသွားပြီးနောက် အဆိုပါနယ်စပ်ဂိတ်သည် သုံးနှစ်နီးပါးအကြာတွင် တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းပို့ဆောင်ရေးသည်လည်း ကပ်ရောဂါမတိုင်မီပုံမှန်စီမံသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြနေကြောင်း သိရသည်။

လက်ရှိတွင် ရွှေလီနယ်စပ်ဂိတ်၏ နယ်စပ်ဖြတ်ကျော်ကုန်ပစ္စည်းပို့ဆောင်မှုတွင် အပိုင်းခွဲ၍ပို့ဆောင်ခြင်း၊ ယာဉ်မောင်းလဲ၍မောင်းနှင်ခြင်းနှင့် ပိုးသတ်၍ထားရှိခြင်း စသည့်အဆင့်များကို ဖယ်ရှားလိုက်ကာ ဂိတ်ဖြတ်ကျော်သည့်အဆင့်များကို လွယ်ကူအောင်ဆောင်ရွက်လိုက်သဖြင့် ဂိတ်ဖြတ်ကျော်သည့်ကြာချိန်ကို လျှော့ချလိုက်ပြီး ဂိတ်ဖြတ်ကျော်သည့်အမြန်နှုန်း သိသိသာသာတိုးတက်လာသည်။ တရုတ်နိုင်ငံ နယ်စပ်စစ်ဆေးရေးအဖွဲ့အစည်း ဌာနသည်လည်း အစီအမံများကို ဆက်လက်ကောင်းမွန်စေရန်ဆောင်ရွက်၍ ပူးတွဲစစ်ဆေးသည့်ဌာန၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ကူးလူးဖလှယ်မှုမြှင့်တင်ကာ ယာဉ်များဂိတ်ဖြတ်သန်းရာတွင် “စောင့်ဆိုင်းရမှုမရှိခြင်း” ၊ စစ်ဆေးသည့်အဆင့်တွင် “ကြာချိန်မရှိခြင်း” တို့ကို အာမခံပေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနယ်စပ်ဂိတ်များအနက် ပြည်ဝင်ပြည်ထွက်ပမာဏအများဆုံး၊ ကုန်သွယ်မှုပမာဏအများဆုံးဖြစ်သည့် ကုန်းလမ်းနယ်စပ်ဂိတ်ဖြစ်သော ရွှေလီနယ်စပ်ဂိတ်ကို ကပ်ရောဂါမတိုင်မီပုံမှန်စီမံသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိ သွားစေရန်ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကိုမြှင့်တင်၍ နှစ်နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် အားသစ်လောင်းပေးလိုက်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)