Connect with us

Politics

တရုတ်နိုင်ငံ ဒုတိယ သမ္မတမှ မြန်မာနိုင်ငံ သမ္မတ အထူး ကိုယ်စားလှယ် အားလက်ခံတွေ့ဆုံ

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် (Li Yuanchao) နှင့် မြန်မာနိုင်ငံ သမ္မတ၏ အထူး ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေးကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင်မှ မြန်မာ နိုင်ငံ သမ္မတ၏ အထူး ကိုယ်စားလှယ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဧပြီလ ၂ ရက်နေ့တွင် ပေကျင်းမြို့၌ လက်ခံ တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင်မှ မြန်မာနိုင်ငံ သမ္မတ အထူး ကိုယ်စားလှယ် အနေဖြင့် တရုတ်နိုင်ငံသို့ လာရောက်ပြီး မြန်မာ စစ်လေယာဉ် ဗုံးကျ၍ တရုတ် နိုင်ငံသား သေဆုံးမှု အပေါ် တောင်းပန်ခြင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် နောက်ဆက်တွဲ ကိစ္စများ အပေါ် တာဝန်ယူ ဖြေရှင်းသွား မည်ကို တရုတ်နိုင်ငံ အနေဖြင့် အသိအမှတ် ပြုကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် အမြန်ဆုံး လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက် သွားရန် မျှော်လင့်ကြောင်း၊ နောင်တွင်လည်း အလားတူ ကိစ္စရပ် ထပ်မံ မဖြစ်ပွားရန် လိုအပ်သော ပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးကို ဆက်လက်၍ တည်ငြိမ် ကောင်းမွန်စွာ ဖော်ဆောင်သွားရန် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သမ္မတ အထူး ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှလည်း မြန်မာနိုင်ငံ အနေဖြင့် ယခုကိစ္စ နှင့်ပတ်သက်ပြီး တရုတ် နိုင်ငံသားများ သေဆုံး ဒဏ်ရာ ရရှိခဲ့သည့်အတွက် တောင်းပန် ကြောင်း၊ နောက်ဆက်တွဲ ကိစ္စများအား အစွမ်းကုန် တာဝန်ယူ သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မြန်မာ-တရုတ် ဆက်ဆံရေးအား အလွန် တန်ဖိုးထားကြောင်း၊ ဆက်လက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို အစဉ်မပျက် တိုးတက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)