Connect with us

Politics

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သို့ သွားရောက်လည်ပတ်ရန် ယနေ့ စတင်ထွက်ခွာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံ အလည်အပတ် ခရီးစဉ် စတင်ထွက်ခွာရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၀ ရက်နေ့ နံနက် တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သို့သွားရောက် လည်ပတ်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ သွားခဲ့သည်။

လေဆိပ် သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် နှင့် NLD ပါတီ နာယက ဦးတင်ဦး တို့မှ လိုက်ပါ ပို့ဆောင်ပေး ခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် တို့အား ဇွန်လ ၁၀ရက်နေ့ က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဆင်ဟွာ)

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တွင် NLD ဥက္ကဌရုံး တာဝန်ခံ ဒေါက်တာ တင်မာအောင် နှင့် ပြည်သူ့လွှတ်တော် အမတ်များ ဖြစ်သည့် ဦးဖြိုးဇေယျာသော် နှင့် ဦးဖြိုးမင်းသိန်း တို့ ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် တို့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လက်ဆွဲ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ် ကွန်မြူနစ် ပါတီ ဖိတ်ကြားချက်အရ ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သို့ သွားရောက် လည်ပတ် ကြည်ရှုမည်ဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သို့ သွားရောက်လည်ပတ်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကိုယ်စားလှယ် အဖွဲ့ နှင့် တရုတ် သံရုံးမှ အရာရှိများ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ်(ဆင်ဟွာ)

လည်ပတ်ရေး ခရီးစဉ် တွင် တရုတ် နိုင်ငံ ခေါင်းဆောင် များမှ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကို တွေ့ဆုံ မည် ဖြစ်ကြောင်း ၊ ယခု အကြိမ် NLD ကိုယ်စားလှယ် အဖွဲ့ လည်ပတ်ခြင်းဖြင့် နှစ်ဖက် ဆက်ဆံရေး နှင့် နားလည်မှု တိုးပွား လာနိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ်-မြန်မာ ဘက်စုံ မိတ်ဖက် ပူးပေါင်း ဆက်ဆံရေး တိုးမြှင့် နိုင်ရန် အတူ တကွ ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟုန်လဲ့ (Hong Lei ) က မေလ ၅ ရက်နေ့ က ပေကျင်း မြို့တွင် ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)