Connect with us

Politics

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်လာစေရန် မျှော်လင့်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြောကြား

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅) နှစ်ပြည့် အထိမ်းအမှတ်မှ တစ်ဆင့် နှစ်နိုင်ငံကြား နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးတက်လာစေရန် မျှော်လင့်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် ပြောကြား ခဲ့သည်။

ထို့ပြင် ဒေါက်တာ စိုင်းမောက်ခမ်းမှ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရေးသည် နှစ်နိုင်ငံ အတွက် အလွန် အရေးကြီးကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်ကို အခြေခံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင် စေလိုကြောင်း ၊ ၂၀၁၁ ခုနှစ်မှ စတင်ပြီး ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့် နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အပေါ် ထောက်ခံ အားပေးသောကြောင့် ကျေးဇူး တင်ရှိကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုသည် မြင့်တက်လာကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ၏ အဓိက စီးပွားဖက် နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်သွားမည်ကို ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်မှ တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေ ဆက်စပ်လျက်ရှိပြီး “ပေါက်ဖော်” ချစ်ကြည် ဆက်ဆံရေး ရှိကြောင်း ၊ ၁၉၅၀ ပြည့်နှစ်တွင် သံတမန် ဆက်ဆံရေး စတင်ပြီးနောက် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု များစွာ ရရှိခဲ့ကာ အခက်အခဲ များစွာကိုလည်း ဖြတ်ကျော် နိုင်ခဲ့ပြီး နက်ရှိုင်း ခိုင်မြဲသော တရုတ်-မြန်မာ ချစ်ကြည်ရေး ရရှိခဲ့ကြောင်း ၊ လက်ရှိတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ပြုပြင် ပြောင်းလဲမှု အရေးပါသော အချိန် ရောက်ရှိနေကြောင်း ၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေး ၊ စီးပွားရေးနှင့် လူမှုရေး ဆက်လက် ဖွံ့ဖြိုးတိုးတက် နိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးရပ်ကို အခြေခံပြီး နိုင်ငံတကာ ဆက်ဆံရေး အသစ် ထူထောင်နိုင်ရန် ဆန္ဒရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြန်ဆုံး ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို မိုမို တိုးတက်ရန် တွန်းအားပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ Novotel ဟိုတယ်တွင် ဇွန်လ ၈ ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်နှင့် တကွ အခြား ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။ (Xinhua)