Connect with us

Politics

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မှ တရုတ် နိုင်ငံ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် တို့လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် (Mr.Chen Fengxiang) ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား မေလ ၁၉ ရက်နေ့က နေပြည်တော်တွင် လက်ခံတွေ့ဆုံ ခဲ့သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မှ တွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ခြင်းကို အလွန် အလေးထားကြောင်း ၊ နှစ် နိုင်ငံ ကဏ္ဍစုံ မိတ်ဆွေ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် တို့ နေပြည်တော်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် တို့ နေပြည်တော်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် တို့ နေပြည်တော်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် မှ တရုတ် နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် နှစ်နိုင်ငံရှိ ပါတီ အချင်းချင်း ဆက်ဆံရေးကို ဆက်လက်၍ တိုးမြှင့် သွား ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို ပိုမို ပြည့်စုံ စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် လည်ပတ်မှု ခရီးစဉ် အတွင်း မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သ့ူ လွှတ်တော် ဥက္ကဌ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ ဥက္ကဌ ဦးရွှေမန်း ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့ နှင့်လည်း သီးခြား တွေ့ဆုံ ခဲ့သည်။ (Xinhua)