Connect with us

Politics

တရုတ် တပ်မတော်မှ တရုတ်-မြန်မာ နယ်စပ်တွင် လက်နက် အသုံးပြု၍ စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်


ကူမင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ချိန်တူး စစ်ဌာန သတင်း ထုတ်ပြန်ရေး ပြောရေးဆိုခွင့် ရှိသူ Zhao Picong က ချိန်တူး စစ်ဌာန အနေဖြင့် ယူနန် ပြည်နယ် အတွင်း ကြည်း နှင့် လေ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည် ဟု ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ ထုတ်ပြန်ချက်တွင် ဇွန်လ ၂ ရက်နေ့ ၌ တရုတ်-မြန်မာ နယ်စပ်တွင် လက်နက် အသုံးပြု၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ် သွားမည် ဖြစ်ကြောင်း ၊ စစ်ရေးလေ့ကျင့်မှု ပြီးဆုံး ချိန်ကို သီးခြား ထုတ်ပြန်သွားမည် ကြောင်း ပါဝင်သည်။

စစ်ရေး လေ့ကျင့်စဉ် အတွင်း ခွင့်ပြုချက် မရရှိဘဲ မည်သည့် ပျံသန်း နိုင်သော အရာဝတ္ထု မှ လေ့ကျင့်ရေး လေကြောင်း ဧရိယာ အတွင်း ဝင်ရောက်ခြင်း မပြုရန် ၊ ကား နှင့် လူ များ အနေဖြင့် ယာဉ်စည်းကမ်း သတ်မှတ်ချက် များကို လိုက်နာသွားရန် ၊ ခွင့်ပြုချက် မရှိဘဲ စစ်ရေး လေ့ကျင့်မှု ဧရိယာ အတွင်း ဝင်ရောက်ခြင်း မပြုရန် နှင့် စစ်ရေးလေ့ကျင့်မှု အနေဖြင့် ပြည်သူ တို့၏ ပုံမှန် နေထိုင်သွားလာမှုကို အနှောက်အယှက် မဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက် အရ စစ်ရေး လေ့ကျင့်မှု အစီအစဉ်ကို ချိန်တူး စစ်ဌာန တပ်ဖွဲ့ များမှ ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ တွင် စတင်မည် ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် တောင် ဘက်ရှိ နယ်ခြားမှတ်တိုင် အမှတ် ၁၀၅-၁ (မြောက် လတ္တီတွဒ် ၂၄ ဒီဂရီ ၀၅ မိနစ် ၀၂.၅ စက္ကန့် နှင့် အရှေ့ လောင်ဂျီကျု ၉၈ ဒီဂရီ ၃၅ မိနစ် ၃၃.၀ စက္ကန့်) မှ နယ်ခြားမှတ်တိုင် အမှတ် ၁၄၄-၄ (မြောက် လတ္တီတွဒ် ၂၃ ဒီဂရီ ၂၈ မိနစ် ၄၃.၂ စက္ကန့် နှင့် အရှေ့ လောင်ဂျီကျု ၉၈ ဒီဂရီ ၄၉ မိနစ် ၃၅.၅ စက္ကန့်) အထိ တရုတ် နိုင်ငံ မှ လက်နက် အသုံးပြု၍ ကြည်းနှင့် လေ စစ်ရေး လေ့ကျင့်မှု ပြုလုပ် သွားမည်ဖြစ်ကြောင်း ပါဝင်သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) စစ်ရေးလေ့ကျင်မှု မြင်ကွင်း (ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) စစ်ရေးလေ့ကျင်မှု မြင်ကွင်း (ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) စစ်ရေးလေ့ကျင်မှု မြင်ကွင်း (ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) စစ်ရေးလေ့ကျင်မှု မြင်ကွင်း (ဆင်ဟွာ)

ဂန်းမာ (GengMa) မြို့ နှင့် ကျန့်ခန်း (ZhenKang) မြို့ သို့ ဝင်ရောက် လာသော ကား နှင့် လူများ အနေဖြင့် သတ်မှတ် ထားသော ယာဉ်စည်းကမ်း များလိုက်နာ သွားရန် နှင့် ဒေသတွင်းရှိ ပြည်သူများ အနေဖြင့် ဒေသ အစိုးရ နှင့် စစ်ရေးလေ့ကျင့်မှု တပ်ဖွဲ့မှ ညွှန်ကြားချက် များကို လိုက်နာသွားရမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ လုပ်ထုံး လုပ်နည်းအရ နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ တပ်မတော် ယခင်က ရရှိခဲ့သော သဘောတူညီမှုများ အရ စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်သော အကြောင်းအရာများကို မြန်မာနိုင်ငံဘက်အား အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.