Connect with us

Politics

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ တရုတ် နိုင်ငံရေးရာ စီမံခန့်ခွဲမှု (မြန်မာဘာသာ) စာအုပ် စတင်ထုတ်ဝေခြင်း အခမ်းအနား နှင့် တရုတ်-မြန်မာ နိုင်ငံရေးရာစီမံခန့်ခွဲမှု ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန နှင့် မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန တို့မှ အတူတကွ ကျင်းပပြုလုပ်သည့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသည့် တရုတ် နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် ပထမဆုံးအကြိမ် မြန်မာဘာသာ ဖြင့် စတင်ထုတ်ဝေ မိတ်ဆက်သည့် အခမ်းအနား နှင့် တရုတ်-မြန်မာ နိုင်ငံရေးရာ စီမံခန့်ခွဲမှု ဆွေးနွေးပွဲ ကို ဇူလိုင်လ ၉ ရက် ၌ နေပြည်တော် ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ-၂ တွင် ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် ၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် တရုတ်-မြန်မာ ကဏ္ဍအသီးသီး မှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ကျော် တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ တရုတ် နိုင်ငံရေးရာ စီမံခန့်ခွဲမှု (မြန်မာဘာသာ) စာအုပ် စတင်ထုတ်ဝေခြင်း အခမ်းအနား နှင့် တရုတ်-မြန်မာ နိုင်ငံရေးရာစီမံခန့်ခွဲမှု ဆွေးနွေးပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် စာအုပ် စတင်ထုတ်ဝေခြင်း အခမ်းအနား နှင့် နှစ်နိုင်ငံ နိုင်ငံရေးရာစီမံခန့်ခွဲမှု ဆွေးနွေးပွဲ တွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် စာအုပ် စတင်ထုတ်ဝေခြင်း အခမ်းအနား နှင့် နှစ်နိုင်ငံ နိုင်ငံရေးရာစီမံခန့်ခွဲမှု ဆွေးနွေးပွဲ တွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

အခမ်းအနား တက်ရောက် ခဲ့ကြသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ဧည့်သည်တော် များက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသား သည် တရုတ် နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် သည် တရုတ် နိုင်ငံ နှင့် ပြည်ပ နိုင်ငံများမှ စာဖတ်ပရိသတ် များအား ရှီကျင့်ဖိန် ၏ ခေတ်သစ် တရုတ် ဆိုရှယ်လစ်ဝါဒ အတွေးအမြင် ကို သိရှိနားလည်စေရန် အတွက် အရေးပါသည့် စာအုပ်တစ်အုပ် ဖြစ်စေခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း မှ ခေတ်သစ် တရုတ် နိုင်ငံ ကို ပိုမို သိရှိနားလည်စေသော စာအုပ်တစ်အုပ် ဖြစ်စေခဲ့ကြောင်း ၊ စာအုပ်တွင် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၏ လုပ်ဆောင်ချက် အားလုံးသည် တရုတ် နိုင်ငံ ပြည်သူလူထု တို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေရန် ၊ တရုတ် လူမျိုးတစ်ရပ်လုံး ပြန်လည် နိုးကြားတိုးတက်စေရန် ၊ လူသားမျိုးနွယ် တစ်ရပ်လုံး ငြိမ်းချမ်းစေရန် နှင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကို စုစည်းတင်ပြထားကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရေးသားသည့် စာအုပ်အား မြန်မာဘာသာဖြင့် စတင်ထုတ်ဝေ နိုင်ခဲ့ခြင်းသည် မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ တရုတ် နိုင်ငံ အား ပိုမို သိရှိနားလည် စေရန် အတွက် ပြတင်းပေါက် အသစ် တစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အတွက်လည်း ပေါင်းကူး တံတား အသစ် တစ်ခု ဖြစ်စေမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ နိုင်ငံရေး စီမံခန့်ခွဲမှု ဆိုင်ရာ အတွေ့အကြုံ ပိုမို နက်ရှိုင်းစွာ ဖလှယ်နိုင်စေမည့် စာအုပ် တစ်အုပ်လည်း ဖြစ်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အခမ်းအနား တက်ရောက် ခဲ့ကြသည့် နှစ်နိုင်ငံ မှ ဧည့်သည်တော်များ က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေခြင်း ထိစပ် နေသည့် ဆွေမျိုးအိမ်နားချင်း မိတ်ဆွေ နိုင်ငံများ ဖြစ်ကြပြီး သဘာဝ အလျှောက် ဖြစ်တည်နေသည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန် သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည့် အရေးပါသည့် အချိန်ကာလ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံရေး စီမံခန့်ခွဲမှု ဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်း နှင့် အတုယူဆောင်ရွက်ခြင်း ကို တိုးမြှင့် ဆောင်ရွက်ပြီး အနာဂတ် ခရီးလမ်း ကို ပိုမိုကောင်းမွန်စွာ လျှောက်လှမ်းရမည် ဖြစ်ကြောင်း ၊ ၎င်း မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကို တွန်းအားပေး ဆောင်ရွက်ရန် နှင့် ပြည်သူလူထု သာယာဝပြောရေး တိုးပွားစေရန် အတွက် လွန်စွာ အရေးပါကြောင်း ပြောကြား ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသား သည့် တရုတ် နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် အား ပထမ ဆုံးအကြိမ်ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ တွင် စတင် ထုတ်ဝေ ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် တွင် ဒုတိယ အကြိမ် ထပ်မံ ထုတ်ဝေ ခဲ့ကာ တရုတ် နိုင်ငံ နှင့် ပြည်ပ နိုင်ငံ စာဖတ်ပရိသတ်တို့ ၏ စိတ်ဝင်စားမှု နှင့် ချီးမွမ်းထောက်ခံမှု တို့ကို ရရှိခဲ့သည်။ လက်ရှိချိန် တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ စာအုပ်အား သာသာစကား ၂၄ မျိုး ၊ ဒီဇိုင်း ပုံစံပေါင်း ၂၇ မျိုး ဖြင့် နိုင်ငံ နှင့် ဒေသပေါင်း ၁၆၀ ကျော် တွင် ထုတ်ဝေ နိုင်ခဲ့ပြီး ဖြစ်သည်။ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသည့် တရုတ် နိုင်ငံရေးရာ စီမံခန့်ခွဲမှု ပထမဆုံး အကြိမ် မြန်မာဘာသာ ဖြင့် ထုတ်ဝေသည့် စာအုပ် မှာ တရုတ် နိုင်ငံ နိုင်ငံခြားဘာသာ ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်း နှင့် မြန်မာ နိုင်ငံ Asian Fame Media Group တို့ မှ ပူးပေါင်း ဘာသာပြန် ထုတ်ဝေသည့် ပထမ ဦးဆုံးသော နိုင်ငံတကာ ပူးပေါင်း ထုတ်ဝေ ခဲ့သော စာအုပ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.