Connect with us

Politics

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံ ဆွေးနွေး 

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ဇန်နဝါရီ ၁၈ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှုသည် နှစ်နိုင်ငံ အလွှာပေါင်းစုံမှ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် တပ်မတော် အချင်းချင်း ဖလှယ်မှုများပေါ် တွင်လည်း မူတည်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယခု ခရီးစဉ်မှာ ၁၉ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ သမ္မတ တစ်ဦး အနေ ဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်း ဖြစ်ပြီး ယခုနှစ် အတွက် ၎င်း၏ ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်ကြောင်း ၊  ယင်းမှာ လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေး အဆင့် မြင့်မားမှုကို ပြသခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်ပေါင်း ၇၀ မှ စတင်ကာ နှစ်နိုင်ငံလုံးတွင် အပြောင်း အလဲများ နှင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အတက် ၊ အကျများ ရှိနေသော်လည်း တရုတ် နှင့် မြန်မာ နိုင်ငံသည် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှု နှင့် အပြန်အလှန် ထောက်ခံ အားပေးမှု လမ်းကြောင်းမှန် ပေါ်တွင် အမြဲတစေ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်ဘက်လုံးက တန်ဖိုးရှိသည့် ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ကောင်းစွာ ထိန်းသိမ်း ထားသင့်ကြောင်း နှင့် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် မူဘောင်အောက်တွင် ပြည်သူများ အတွက် အကျိုး ဖြစ်ထွန်းရန် နှင့် အောင်မြင်မှု ရလဒ်ကောင်းများ စောလျင်စွာ ပိုင်ဆိုင်နိုင်ရန် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်မှု အတူတကွ တိုးတက် စေရေး အတွက် မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် မြန်မာ့ တပ်မတော် အနေဖြင့် တရုတ် တပ်မတော် နှင့် အတူ အပြန်အလှန် ဖလှယ်မှုများ ပိုမို အားကောင်းလာရန် မျှော်လင့်ကြောင်း ၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ပူးပေါင်း ကြိုးပမ်း အားထုတ်သွားသင့်ကြောင်း နှင့် နယ်စပ် ဒေသများတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရန် အတွက် အခြေအနေကောင်းများကို ဖန်တီးပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ် နိုင်ငံ နှင့် မြန်မာနိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးချက်ကို ချမှတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံများ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ် နိုင်ငံ အနေဖြင့် အခြား နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး နှင့် နိုင်ငံ အသီးသီးရှိ ပြည်သူများ လွတ်လပ်စွာ ရွေးချယ်သော ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းကို လေးစားရေး တို့ကို အမြဲမပြတ် လိုက်နာ စောင့်ထိန်းလျက် ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က နှစ်ဘက်လုံးက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည် ထောက်ခံရေး ၊ ညှိနှိုင်းမှု အားကောင်းစေရေး ၊ သက်ဆိုင်ရာ နိုင်ငံများ၏ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရေး ၊ လုံခြုံရေး နှင့် အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရေး ၊ ၎င်းတို့၏ တရားဝင် ဖြစ်တည်မှု အခွင့်အရေး နှင့် အကျိုးစီးပွားများ ထိန်းသိမ်း စောင့်ရှောက်ရေး နှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံ စံသတ်မှတ်ချက်များ ကာကွယ်စောင့်ရှောက်ရေး တို့ကို ထိန်းသိမ်းသွားရန် ပြောကြားခဲ့သည်။နိုင်ငံတကာ နယ်ပယ်တွင် မြန်မာနိုင်ငံ အပေါ် တရားမျှတမှု ရရှိစေရေး အတွက် တရုတ် နိုင်ငံက ဆက်လက် ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖြည့်စွက် ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာ နိုင်ငံ ခရီးစဉ်သည် အလွန် အရေးပါမှု နှင့် အချိန်အခါကောင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုလို လာရောက် လည်ပတ် ခြင်းသည် အကျိုးဖြစ်ထွန်းစေသော ရလဒ်များကို ရရှိစေခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းမှု နှင့် မြင့်မားမှုကို အပြည့်အဝ ဖော်ပြခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့သော တရုတ်-မြန်မာသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းအား အတူတကွ တည်ဆောက် သွားရန် ကြေညာ ခဲ့ခြင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကြီးမားသော သမိုင်းဝင် အရေးပါမှု ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများတွင် ကြီးမားသော အောင်မြင်မှုများအပေါ်  ဝမ်းမြောက် ပျော်ရွှင်မိပါကြောင်း နှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ၊ လူမှု ဖွံ့ဖြိုး တိုးတက်မှု နှင့် နိုင်ငံတော် ကာကွယ်ရေး တည်ဆောက်မှု များတွင် တရုတ် နိုင်ငံ၏ ကာလ ကြာရှည် အကူအညီများအား ကျေးဇူး တင်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ၏ အောင်မြင်မှု အတွေ့အကြုံကောင်းများကို လေ့လာ သင်ယူသွားရန် နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးကို သိရှိ နားလည်ပေးရန် မျှော်လင့်ကြောင်း  ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ့ တပ်မတော် အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ဆွဲကိုင်ထားပြီး ဟောင်ကောင် နှင့် ရှင်းကျန်း နှင့် ဆက်နွယ်သော အရေးကိစ္စများကို တရုတ် နိုင်ငံ၏ ပြည်တွင်း ရေး အဖြစ် မှတ်ယူကြောင်း ပြောကြားခဲ့ပြီး တစ်ခြား နိုင်ငံများက ဝင်ရောက် စွက်ဖက်မှုကို ရပ်တန့်ရန် တိုက်တွန်းကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ-တရုတ် ပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု ၊ နှစ်နိုင်ငံ တပ်မတော်များ ဆက်ဆံရေး ၊ ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် နှင့် မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ ပူးတွဲ တည်ဆောက်မှုများအား တက်ကြွစွာ ထောက်ပံ့ရေး နှင့် တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်မှု နှင့် အတူ ရှေ့ဆက်သွားရေးတို့ကို နက်ရှိုင်းစွာ ဆက်လက် ထောက်ခံသွားရန် ကတိပြုခဲ့ကြောင်း သိရသည်။တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံသို့ နိုင်ငံတော် အလည်အပတ် ခရီးစဉ် အဖြစ် နေပြည်တော်သို့ ဇန်နဝါရီ ၁၇ ရက်တွင် ရောက်ရှိခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.