Connect with us

Politics

ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် မှ ပြန်လည် ရောက်ရှိ

တရုတ် နိုင်ငံ မှ ပြန်လည် ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး မှ သံမှူးကြီး ချန်းချန် နှင့် NLD နာယက ဦးတင်ဦး တို့ မှ ဇွန်လ ၁၄ ရက်နေ့ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ လာရောက် ကြိုဆိုစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် တရုတ် နိုင်ငံ သို့ သွားရောက် လည်ပတ် ပြီးနောက် ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်း တွင် တရုတ် နိုင်ငံ မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ပြန်လည် ရောက်ရှိလာ ခဲ့သည်။

လေဆိပ်သို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး မှ သံမှူးကြီး ချန်းချန် နှင့် NLD နာယက ဦးတင်ဦး တို့ လာရောက် ကြိုဆို ခဲ့ကြသည်။ထို့ပြင် NLD အဖွဲ့ဝင်များ နှင့် ပြည်သူ ထောင်နှင့်ချီ၍ လည်း လာရောက် ကြိုဆို ခဲ့ကြသည်။

တရုတ် နိုင်ငံ မှ ပြန်လည် ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား NLD အဖွဲ့ဝင်များ နှင့် ပြည်သူများမှ ဇွန်လ ၁၄ ရက်နေ့ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ လာရောက် ကြိုဆိုစဉ်(ဆင်ဟွာ)

တရုတ် ပြည် လည်ပတ်ရေး ခရီးစဉ် အတွင်း တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်မှ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း ၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့သော ၆၅ နှစ် အတွင်း တရုတ်-မြန်မာ အစဉ်အလာ ချစ်ကြည် ဆက်ဆံရေးသည် ပြောင်းလဲမှု မရှိခဲ့ကြောင်း ၊ ကဏ္ဍစုံ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုသည်လည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ ဆွေမျိုးသဖွယ် ကံကြမ္မာ အကျိုးတူ အေးအတူ ပူအမျှ အသိုက်အဝန်း တစ်ခု ဖြစ်လာကြောင်း ၊ ဤသည်မှာ နှစ်နိုင်ငံ၏ အဆက်ဆက် ခေါင်းဆောင်များနှင့် ပြည်သူများ၏ ကြိုးစားမှုကြောင့် ရရှိခဲ့သော အောင်မြင်မှု ဖြစ်ကြောင်း၊ ထိုကဲ့သို့သော ချစ်ကြည်ရေးကို အားလုံးမှ ပိုမို အလေးထားသင့်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံသည် ကာလ တစ်လျှောက်လုံး တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာ ဗျူဟာ အမြင်နှင့် ရေရှည် အမြင်ဖြင့် အလေးထား ဆက်ဆံခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်နိမိတ် တည်တံ့ခိုင်မြဲရေး ကိုအစဉ် ထောက်ခံခဲ့ကြောင်း ၊ မြန်မာ နိုင်ငံမှ ကိုယ်ပိုင် ရွေးချယ်သော ဖွံ့ဖြိုးရေး လမ်းစဉ်ကို လေးစားကြောင်း ၊ မြန်မာ နိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက် များကိုလည်း ထောက်ခံကြောင်း ၊ တရုတ်-မြန်မာ အစဉ်အလာရှိသော ချစ်ကြည်ရေး နှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာ တွန်းအားပေး ဆောင်ရွက်လာခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ပြည်တွင်း အခြေအနေ ပြောင်းလဲစေကာမူ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိုအတိုင်း ကိုင်တွယ် ဆက်ဆံရန်နှင့် တရုတ်-မြန်မာ ချစ်ကြည် ဆက်ဆံမှု တစ်ဆင့် တိုးပွားစေရန် တက်တက်ကြွကြွ အားပေး ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန် မှ ဆက်လက်၍ တရုတ် ကွန်မြူနစ် ပါတီ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆက်ဆံရေးသည် လျှင်မြန်စွာ တိုးတက်လာပြီး တစ်နေ့တစ်ခြား ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်နိုင်ခဲ့ကြောင်း ၊ ယခု အကြိမ် လည်ပတ်ရေး ခရီးစဉ် မှ ဥက္ကဌ အနေဖြင့် တရုတ် နိုင်ငံ နှင့် တရုတ် ကွန်မြူနစ် ပါတီ အပေါ် ပိုမို နက်ရှိုင်းစွာ နားလည် သိရှိနိုင်ရန် မျှော်လင့်ကြောင်း ထိုမှသာ နှစ်ဖက် အနေဖြင့် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးမြှင့်ရန် အထောက်အကူ ပြုပြီး နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ပိုမိုကောင်းမွန်သော အခြေခံ တစ်ရပ်ကို တည်ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၊ ဥက္ကဌ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တရုတ်နိုင်ငံနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အပေါ် မြန်မာ ပြည်သူပြည်သားများ မှန်ကန်စွာ သိမြင် နားလည် နိုင်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်ရန် အတွက် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြကြောင်း ၊ အိမ်နီးချင်းကို ရွေးချယ်၍ မရကြောင်း ၊ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး တိုးမြှင့်ရန်သည် အလွန်အရေးကြီးကြောင်း ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရေးကို အလွန် အလေးထားကြောင်း ၊ တရုတ် ကွန်မြူနစ် ပါတီ အနေဖြင့် တရုတ် နိုင်ငံကို ဦးဆောင်၍ ကြီးမားသော အောင်မြင်မှု ရရှိခဲ့သည့် အပေါ် လေးစားမိကြောင်း ၊ ယခု အကြိမ် လည်ပတ်ရေး ခရီးစဉ်မှ နှစ်ပါတီ ဆက်ဆံရေး ပိုမို နက်ရှိုင်းလာစေပြီး နှစ်နိုင်ငံ ပြည်သူလူထုကြား ချစ်ကြည်ဆက်ဆံရေး တိုးမြှင့်ရန် တွန်းအားပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်မှ တရုတ်နိုင်ငံတော် အစိုးရ ၊ ပါတီ နှင့် လွှတ်တော် ခေါင်းဆောင်များ ဖြစ်ကြသည့် တရုတ်နိုင်ငံ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့် (CPPCC) ဒုတိယ ဥက္ကဌ နှင့် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဝန်ကြီး ဝမ်ကျားရွေ့ ၊ တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ ၊တရုတ် ပြည်သူ့ ကွန်ဂရက် (လွှတ်တော်) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဌ နှင့် တရုတ် နိုင်ငံ အမျိုးသမီး သမဂ္ဂ ဥက္ကဌ စိန်ယွဲ့ယွဲ့ ၊ တရုတ် ကွန်မြူနစ်ပါတီ ရှန်ဟိုင်းမြို့ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဟန်ကျိမ့် နှင့် တရုတ် ကွန်မြူနစ်ပါတီ ယူနန် ပြည်နယ် ကော်မတီ အထွေထွေ အတွင်းရေးမှူး လီကျိဟိန် တို့နှင့်လည်း သီးခြား တွေ့ဆုံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.