Connect with us

Politics

ပြည်ထဲရေး ဝန်ကြီးဌာန နှင့် တရုတ် နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန တို့အကြား တရား ဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဝန်ကြီး အဆင့် အစည်းအဝေး ကျင်းပ

ပြည်ထဲရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ နိုင်ငံတော် ကောင်စီဝင် ၊ ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး H.E.Mr.Zhao Kezhi တို့အား အစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၈ ရက်(ဆင်ဟွာ)

ပြည်ထဲရေး ဝန်ကြီးဌာန နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန တို့အကြား တရား ဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဝန်ကြီး အဆင့် အစည်းအဝေးအား ယနေ့မေ ၈ ရက်တွင် နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ နိုင်ငံတော် ကောင်စီဝင် ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Zhao Kezhi ဦးဆောင်၍ ဒုတိယ ဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့တွင် ရောက်ရှိလာခဲ့ပြီး ယခုကဲ့သို့အစည်းအဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

ပြည်ထဲရေးဝန်ကြီးဌာနနှင့်တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန တို့အကြား တရား ဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဝန်ကြီး အဆင့် အစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

ပြည်ထဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ နိုင်ငံတော် ကောင်စီဝင် ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Zhao Kezhi တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ထိုဝန်ကြီး အဆင့် အစည်းအဝေးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု ၊ မဲခေါင် ဒေသတွင်း နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှု ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး စသည် တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ထိုအစည်းအဝေး မှတ်တမ်းအား နှစ်နိုင်ငံ ဝန်ကြီးများက လက်မှတ် ရေးထိုးခဲ့ကြပြီး တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနသို့ကူညီထောက်ပံ့ပေးသည့် မူးယစ် ဆေးဝါး တားဆီး နှိမ်နှင်းရေး အထောက်အကူပြု ပစ္စည်းများ ၊ ရဲတပ်ဖွဲ့အသုံးအဆောင် ပစ္စည်းများ နှင့် မှုခင်း စုံစမ်း စစ်ဆေးရေး အထောက်အကူပြု ပစ္စည်းများ ၊ တရုတ်နိုင်ငံ ယူနန် ပြည်နယ်မှ တရားဥပဒေ စိုးမိုးရေးတွင် အသုံးပြုရန် မော်တော်ယာဉ်များ လှူဒါန်းခြင်း တို့အတွက် အထောက်အထား စာရွက်စာတမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီး အဆင့် အစည်းအဝေးသို့ပြည်ထဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်၍ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ၊ ရဲချုပ် အောင်ဝင်းဦး အပါအဝင် ၃၀ ဦး တက်ရောက်ခဲ့ပြီး တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ နိုင်ငံတော် ကောင်စီဝင် ၊ ပြည်သူ ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Zhao Kezhi ဦးဆောင်သည့် အဆင့်မြင့် အရာရှိကြီးများ အပါအဝင် ၃၀ ဦး စုစုပေါင်း ကိုယ်စားလှယ် ၆၀ ဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)