Connect with us

Politics

ဘင်္ဂလားဒေ့ရှ် မီဒီယာရေးသားခဲ့သည့် မြန်မာနိုင်ငံအတွင်း Safe Zone တည်ထောင်ခြင်းတရုတ် နိုင်ငံ ထောက်ခံကြောင်း ရေးသားမှုမဟုတ်မှန်ကြောင်း တရုတ်သံရုံးငြင်းဆို

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--Chinese Embassy)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မီဒီယာ သည် တရုတ်ဘက်က မြန်မာနိုင်ငံပြည်တွင်း မှာ “Safe Zone’’ ဟူသည်ကို ထူထောင်ရန် သဘောတူသည်ဟူသော သတင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် သိရှိခဲ့ကြောင်း၊ ၎င်းသတင်းထုတ်ပြန်ချက် သည် အခြေအမြစ်လုံးဝ မရှိကြောင်း မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြေညာချက်ထုတ်ပြန်သည်။

တရုတ်နိုင်ငံအနေဖြင့် ရခိုင်အရေးကိစ္စအပေါ်ရပ်တည်ချက်သည် အမြဲတစေတိတိကျကျဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် နေရပ်စွန့်ခွာပြန်လည်လက်ခံရေးစာချုပ် နှင့် အညီ နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုဖြင့် သက်ဆိုင်ရာ ပြသနာများကို သင့်လျော်ပြေလည်စွာဖြေရှင်းပြီး နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ထောက်ခံ အားပေးကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းတွင် “Safe Zone’’ ဟူသည် ကိုထူထောင်ရန် မထောက်ခံကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.