Connect with us

Social

ကျောက်ဖြူ ဒေသ ဖွံ့ဖြိုးရေး ကျေးလက် ရန်ပုံငွေ စီမံကိန်းကြောင့် ဒေသခံများ စားဝတ်နေရေး လုပ်ကိုင် ဆောင်ရွက်မှု ပိုမို အဆင်ပြေ

ကျေးလက်ရန်ပုံငွေစီမံကိန်း နှင့်ပတ်သက်၍ CITIC Group မှ တာဝန်ရှိသူများ၊ ဒေသခံရွာသူရွာသားများနှင့် တရုတ်-မြန်မာ သတင်းမီဒီယာများ တွေ့ဆုံ မေးမြန်းနေစဉ် (ဆင်ဟွာ)

ကျောက်ဖြူ ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူ မြို့နယ်တွင် ကျေးလက် ဖွံ့ဖြိုးရေး ဆောင်ရွက်ချက် အဖြစ် ဆောင်ရွက်နေသည့် ကျေးလက် ရန်ပုံငွေ စီမံကိန်းကြောင့် ဒေသခံ ရွာသူရွာသားများ စားဝတ်နေရေး လုပ်ကိုင် ဆောင်ရွက်မှုများ ပိုမို အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျေးလက် ရန်ပုံငွေ စီမံကိန်းနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ဇေသီယျ ကျေးရွာရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေသည့် ဒေသခံ ရွာသားတစ်ဦး ဖြစ်သူ ဦးလှစောမောင်က “စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မေလပိုင်းထဲက စပြီး ကျေးရွာတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ချေးငွေတွေ ပေးခဲ့တယ်။ ဒီချေးငွေက အတိုးနှုန်းလဲ သက်သာတဲ့ အတွက် ချေးပြီးသွားရင်လဲ ပြန်ချေးတယ်။ ဒါကြောင့် ဆပ်ဖို့ အချိန်ကြ ရင်လဲ ပြန်လာဆပ်ကြတယ်။ သူတို့ ဆပ်ပြီးရင်လဲ ပြန်ချေးပေးတယ်။ ချေးငွေကိစ္စနဲ့ ပတ်သက်လို့ ကျေးရွာမှာလည်း တော်တော် အဆင်ပြေတယ်။ မဆပ်တဲ့လူလဲ မရှိဘူး”ဟု ၎င်းက ဆင်ဟွာသို့ပြောသည်။

ကျေးလက်ရန်ပုံငွေစီမံကိန်း နှင့်ပတ်သက်၍ CITIC Group မှ တာဝန်ရှိသူများ၊ ဒေသခံရွာသူရွာသားများနှင့် တရုတ်-မြန်မာ သတင်းမီဒီယာများ တွေ့ဆုံ မေးမြန်းနေစဉ် (ဆင်ဟွာ)
ကျောက်ဖြူ မြို့နယ်ရှိ ကျေးလက် ဖွံ့ဖြိုးရေး ဆောင်ရွက်ချက် အဖြစ် ဆောင်ရွက်နေသည့် ကျေးလက် ရန်ပုံငွေ စီမံကိန်းသည် CITIC Group မှ ကျပ်ငွေ သိန်း ၁၅,၀၀၀ ဖြင့် ကျေးရွာပေါင်း ၅၀ တွင် ကျေးရွာ တစ်ရွာလျှင် သိန်း ၃၀၀ နှုန်းဖြင့် ဒေသခံ ရွာသူရွာသားများအား အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများအား အတိုး ပြား ၅၀ နှုန်းဖြင့် ချေးပေးပြီး ချေးငွေများအား ဒေသခံရွာသူရွာသားများ ကိုယ်တိုင် ဦးဆောင် ကော်မတီများ ဖွဲ့စည်းကာ စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ထိုအသုံးပြု လည်ပတ်ငွေများဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်း၌ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်နေသည့် CITIC Group မှ တာဝန်ရှိသူများသည် ကျေးရွာ ရန်ပုံငွေ စီမံကိန်း နှင့် ပတ်သက်၍ တောင်ရင်းကျေးရွာ အုပ်စုသို့ဇွန်လ ၅ ရက်တွင် သွားရောက်၍ ဒေသခံ ရွာသူရွာသားများနှင့် တွေ့ဆုံ၍ စီမံကိန်း ဆောင်ရွက်မှုများအပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ကျောက်ဖြူမြို့နယ် ၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာ ကျော်နိုင်ဦးက “CITIC အုပ်စုက အရင် မွေးမြူရေး ၊ ရေလုပ်ငန်းနဲ့ကျေးလက် ဒေသ ဝန်ကြီးဌာနကို ငွေလွှဲပေးပါတယ်။ အဲဒီကနေ တစ်ဆင့် ကျောက်ဖြူ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနကို လွှဲပါတယ်။ အဲဒီကနေ ကျေးရွာ ၅၀ ကို ပြန်ပြီးတော့ ကျေးရွာ ရန်ပုံငွေ တည်ထောင်ရေး စီမံကိန်း အကောင်အထည် ဖော်ပါတယ်။ စီမံကိန်း ချေးငွေတွေက ရလာတဲ့ အတိုးတွေကိုလည်း ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပြန်သုံးပါတယ်။ ရခိုင်ပြည်နယ်က ကျေးရွာတွေကလည်း တော်တော် ဆင်းရဲပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံချက်နဲ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့အတူ ကျေးလက် ရန်ပုံငွေ စီမံကိန်းနှင့် ပတ်သက်၍ အိမ်နီးချင်း ထိုင်းနိုင်ငံ၌ အောင်မြင်စွာ ဆောင်ရွက်နေမှု များအပေါ် စီမံကိန်းတွင် ပါဝင်သည့် ကျေးရွာ တာဝန်ရှိသူများအား ထိုင်းနိုင်ငံသို့ CITIC Group နှင့် CP ကုမ္ပဏီတို့မှ ပူးပေါင်း၍ လေ့လာရေး ခရီးစဉ်များ စေလွှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ထိုင်းနိုင်ငံမှာ မွေးမြူရေး ၊ စိုက်ပျိုးရေး ကိစ္စတွေ လိုက်ပြပါတယ်။ သူတို့မှာက ဒီမှာထက် အများကြီး တိုးတက်တာကို တွေ့ရတယ်။ မွေးမြူရေးဆိုလည်း ကျွန်တော်တို့နိုင်ငံထက် အများကြီး တိုးတက်တာကို မြင်ရတယ်။ ဒီမှာ ပြန်ရောက်လာတဲ့ အခါမှာ ကော်မတီနဲ့ရွာသားတွေကို ပြောပြတယ်။ ဒီချေးငွေရဲ့ အကျိုးတွေနဲ ့ပတ်သတ်ပြီး ၊ ထိုင်းမှာက ဒီချေးငွေက နှစ်နှစ် ကြာလို့ရှိရင် ကျေးရွာတွေမှာ ဘဏ်အဆင့်ထိတောင် ရှိလာတယ်။ ကျေးရွာ ကိုယ်ပိုင်ဘဏ်တွေ ဖြစ်လာတယ်။ အဲလောက်ထိ တိုးတက်မှု ရှိတယ်လို့။ ကျွန်တော်တို့ဆီမှာလည်း ဒီလို တိုးတက်လာအောင် ကြိုးစားရမယ်”ဟု ထိုင်းနိုင်ငံသို့သွားရောက် လေ့လာခဲ့သည့် တောင်ရင်း ကျေးရွာ အုပ်စု ၊ ဇေသီယျ ကျေးရွာရှိ ဒေသခံ ဦးလှစောမောင်က ပြောသည်။
ထို့အတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေး အခြေအနေ ဆောင်ရွက်ချက်များအား သွားရောက် လေ့လာခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ကျောက်ဖြူဒေသတွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ် ကုမ္ပဏီမှ တာဝန်ရှိသူများသည် ဇွန်လ ၅ ရက်တွင် ကျောက်ဖြူမြို့နယ် အတွင်းရှိ မလတ်ကျွန်း ကျေးရွာသို့ရောက်ရှိချိန်တွင် ဒေသခံ ရွာသူရွာသားများနှင့် တွေ့ဆုံ၍ ကျေးလက် ရန်ပုံငွေ စီမံကိန်း ဆောင်ရွက်ချက်များအပေါ် မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်း၌ ကျေးရွာ အုပ်စု ၅၄ အုပ်စု ကျေးရွာပေါင်း ၁၆၀ ရှိပြီး ကျေးရွာ ရန်ပုံငွေ စီမံကိန်းအား ကျေးရွာပေါင်း ၅၀ တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117