Connect with us

Social

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဖောင်ဒေးရှင်းအား ပထမအကြိမ် မြန်မာ-တရုတ် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးနေ့တွင် ထူထောင်

ပထမအကြိမ် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားတွင် တက်ရောက်လာသူများ စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၆) နှစ်ပြည့်မြောက်သည့် ယနေ့ ဇွန်လ ၈ ရက်တွင် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဖောင်ဒေးရှင်းကို ထူထောင်ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၆) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပထမအကြိမ် မြန်မာ-တရုတ် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးနေ့ဂုဏ်ပြု ဧည့်ခံပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်၌ ကျင်းပ ပြုလုပ်ရာတွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဖောင်ဒေးရှင်းကို ထူထောင်ပြီး မြန်မာနိုင်ငံ၏ လူမှု အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ၊ တရုတ် ဘာသာစကားသင် ပညာရေး ၊ နှစ်နိုင်ငံ လူငယ်များ နားလည်မှု မြှင့်တင်ရေး ၊ ဘာသာရေး ဖလှယ်မှု အခန်းကဏ္ဍများတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်(Zhang Wenqin)က အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဖောင်ဒေးရှင်းအတွက် အလှူငွေ ပေးအပ်နေစဉ်(ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပထမအကြိမ် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားအား တွေ့မြင်ရစဉ်(ဆင်ဟွာ)

ပထမအကြိမ် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားအား တွေ့မြင်ရစဉ်(ဆင်ဟွာ)

ပထမအကြိမ် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားအား တွေ့မြင်ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး ၊ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အရေးကြီးကြောင်း ၊ ၆၆ နှစ်အတွင်း တရုတ်-မြန်မာ ချစ်ကြည်ရေး ဖြစ်ထွန်းမှုမှာ တည်ငြိမ်စွာ ဖွံ့ဖြိုးနေကြောင်း ၊ ထို့ပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ ၅ ချက်သည် နှစ်နိုင်ငံ ပြည်သူများ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အကျိုးပြုစေကြောင်း ၊ ပေါက်ဖော် ချစ်ကြည်ရေးသည် နှစ်ထောင်ပေါင်းများစွာထဲက သမိုင်းအစဉ်အလာအရ ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ အမွေအနှစ် ဖြစ်ကာ တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှု၏ အခြေခံ ဖြစ်ကြောင်း ၊ ယခုအခါတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး တည်ငြိမ်စွာ ဖြစ်ထွန်းမှုနှင့် အစဉ်အလာ ချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်းရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုအခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော နှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင် ( Zhang Wenqin) ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း ၊ မန္တလေးမြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr.Wang Yu နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ယခု အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြု စကား ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ ပညာသင်ကျောင်း ကွန်ရက်များ ဖွဲ့စည်း တည်ထောင်သွားရန် ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆုများ ပေးအပ်ရန် ၊ မြန်မာနိုင်ငံ၏ အသက်မွေးဝမ်းကျောင်း ပညာရေး အထောက်အကူ ပြုရန် ၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆေးရုံ ၂ ရုံ တည်ဆောက်ပေးရန် ၊ မျက်စိအခမဲ့ ကုသပေးသည့် အလင်းရောင် ဖောင်ဒေးရှင်းအား ဆက်လက် လုပ်ဆောင်သွားရန် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၆) နှစ်ပြည့်နေ့တွင် ကြေညာခဲ့သည်။
ထိုအခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး နှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီတို့ ပူးပေါင်း စီစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်က စတင် ထူထောင်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် ဇွန်လ ၈ ရက်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၆) နှစ်ပြည့်မြောက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.