Connect with us

Social

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံရုံး မှ ရေဘေးသင့် ဒေသ များသို့ ထောက်ပံ့ရေး ပစ္စည်း များ သွားရောက် လှူဒါန်း မည်

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံရုံး မှ ရေဘေးသင့် ဒေသ များသို့ သွားရောက် လှူဒါန်း မည့် ထောက်ပံ့ရေး မစ္စည်း များ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံ အမတ်ကြီး သံအမတ်ကြီး မစ္စတာ ဟုန်လျန်( Mr.Hong Liang) မှ သံရုံး ကယ်ဆယ်ရေး အဖွဲ့ နှင့် အတူတကွ သြဂုတ် ၃ ရက်နေ့ နှင့် ၄ ရက်နေ့ တွင် စစ်ကိုင်းတိုင်း ကလေးမြို့ နှင့် ရခိုင်ပြည်နယ် မြောက်ဦး မြို့ သို့ သွားရောက်၍ ရေဘေး ဒုက္ခ သည် သို့ထံ ထောက်ပံ့ရေး ပစ္စည်း များ သွားရောက် ပေးအပ် မည်ဖြစ်သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ ရေဘေးသင့် ဒေသ များဖြစ်သည့် စစ်ကိုင်းတိုင်း ၊ ရခိုင် ပြည်နယ် နှင့် မကွေး တိုင်း စသည့် အရေးကြီး ရေဘေးသင့် ဒေသ များသို့ အရေးပေါ် လူသားချင်း စာနာမှု အထောက်အပံ့ များ ထောက်ပံ့ရန် စီစဉ်နေသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး ဇွန်လ နှင့် ဇူလိုင်လ အတွင်း မိုး သည်းထန်စွာ ရွာသွန်းမှု ကြောင့် ယခုချိန်တွင် နှစ် ၄၀ အတွင်း မှ ဖြစ်ခဲလှသည့် အကြီးစား ရေဘေး ဒုက္ခ နှင့် ကြုံတွေ့ ခဲ့ရသည်။ မြန်မာ နိုင်ငံ ၏ ဒေသကြီး နှင့် ပြည်နယ် ၁၂ ခု မြို့နယ် ၄၂ မြို့နယ် တွင် ရေဘေး ဒုက္ခ များ ကြုံတွေ့ နေရ ခဲ့သည်။ (Xinhua)