Connect with us

Social

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ရေဘေး ကျရောက်သော ဒေသများသို့ အရေးပေါ် ထောက်ပံ့မှု များ ဆောင်ရွက်

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ စစ်ကိုင်းတိုင်းဒေသကြီး ရှိ ရေဘေး ဒုက္ခသည်များအတွက် အရေးပေါ် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နေစဉ် (ဆင်ဟွာ)

ကလေး ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည် သြဂုတ်လ ၃ ရက်နေ့ တွင် သံရုံးဝန်ထမ်းများ နှင့် အတူ မြန်မာ နိုင်ငံရှိ ရေဘေး ကျရောက်သော ဒေသ တစ်ခု ဖြစ်သည့် စစ်ကိုင်းတိုင်း ကလေး မြို့သို့ သွားရောက်၍ လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းများအား ရေဘေး ဒုက္ခသည် များထံ ကိုယ်တိုင် သွားရောက် လှူဒါန်း ခဲ့သည်။

တရုတ် သံရုံး မှ ရေဘေး ဒုက္ခသည် အိမ်ထောင်စုတိုင်း အတွက် ထောက်ပံ့ရေး ပစ္စည်းအိတ်များ အား အသေးစိတ် စီစဉ်ပြီး ထောက်ပံ့ ခဲ့သည်။ ထိုထောက်ပံ့ရေး အိတ်တွင် ဆန် ၊ ဆီ ၊ဆား ၊ ခေါက်ဆွဲခြောက် ၊ ရေသန့် ၊ စောင် ၊ ခြင်ထောင် ၊ အသေးစား ဂတ်စ်မီးဖို ၊ ဓာတ်မီး ၊ ဓာတ်ခဲ ၊ ဆပ်ပြာ ၊ ကလေး အဝတ်အထည် ၊ ဆေးဝါးနှင့် အခြား အိမ်သုံး ပစ္စည်းများ ပါဝင်သည်။ ထိုထောက်ပံ့ရေး အိတ်များကို စစ်ကိုင်းတိုင်း ကလေးမြို့ရှိ အိမ်ထောင်စု ပေါင်း ၁,၅၄၅ အိမ်အား သွားရောက် လှူဒါန်း ခြင်းဖြစ်သည်။

ရေဘေးသင့် ဒေသရှိ ဒုက္ခသည်များမှ ထောက်ပံ့ရေး အိတ်များ ရရှိချိန်တွင် အလွန် ဝမ်းမြောက် ခဲ့ကြပြီး တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူ လူထု အား ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ကြသည်။ တချို့ ဒုက္ခသည် များမှ ၎င်းတို့အနေဖြင့် ယခု ရရှိခဲ့သည့် ထောက်ပံ့ရေး ပစ္စည်းများသည် အလွန် လိုအပ် နေကြောင်းနှင့် တရုတ်သံရုံးသည် ပထမ ဦးဆုံး ကူညီထောက်ပံ့မှု များပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံ အခြေဆိုက် သံရုံး ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား နက်ရှိုင်းစွာ တည်ရှိခဲ့သည့် ပေါက်ဖော် ဆက်ဆံရေး ကို ပေါ်လွင်စေကြောင်း ပြောကြား ခဲ့သည်။

သံအမတ်ကြီး ဟုန်လျန်မှ သြဂုတ်လ ၄ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးသင့် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ သောင်းအားလည်း သွားရောက် လှူဒါန်း မည်ဖြစ်သည်။ ထို့ပြင် မကွေးတိုင်း ဒေသကြီးရှိ ရေဘေးသင့် ဒုက္ခသည် များကို လည်း သွားရောက် လှူဒါန်းရန် စီစဉ် ထားကြောင်း သိရှိရသည်။

သံအမတ်ကြီး ဟုန်လျန်သည် ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာအား ပေးပို့ခဲ့ပြီးနောက် မြန်မာ နိုင်ငံတွင် ရေဘေး ဒုက္ခ ကြုံတွေ့ နေရသည်ကို သိသိချင်း ကူူညီ ထောက်ပံ့ရေး အဖွဲ့ ဖွဲ့စည်းကာ မြန်မာ နိုင်ငံ ရေဘေး ဒုက္ခသည် များအား ကူညီ ထောက်ပံ့မှု များ ပြုလုပ်ခဲ့သည်။ တရုတ် သံရုံးမှ စုစုပေါင်း ကျပ် သိန်း ၃,၇၀၀ တန်ဖိုးရှိ လူသားချင်း စာနာ ထောက်ထားမှု ကူညီ ထောက်ပံ့ရေး ပစ္စည်းများအား စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် လှူဒါန်းမည်ဖြစ်သည်။ သံရုံး ဝန်ထမ်း မိသားစုများကလည်း ထိုလှူဒါန်းမှုတွင် ပါဝင်ခဲ့ကြသည်။

တရုတ် သံရုံး ပြန်ကြားရေး ဌာန မှလည်း သတင်းတစ်ရပ် ထုတ်ပြန် ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံမှ လုပ်ငန်းရှင် များနှင့် အဖွဲ့အစည်း များအား ကူညီထောက်ပံ့မှု များ တက်ကြွစွာ လုပ်ဆောင်သွားရန် တိုက်တွန်း ပြောကြား ခဲ့သည်။ တရုတ် နိုင်ငံတော် အစိုးရ မှလည်း မြန်မာ နိုင်ငံ အစိုးရ၏ ရေဘေး ကာလ နောက်ပိုင်း ပြန်လည် တည်ထောင်ရေး လုပ်ငန်းများ အတွက် ကူညီ ထောက်ပံ့မှု များအား အစွမ်းကုန် ပြုလုပ် ရန် စီစဉ် ထားသည်။

မြန်မာ နိုင်ငံတွင် ယခုနှစ် မိုးရာသီ စတင်ချိန်မှ စ၍ မိုးရွာသွန်းမှုသည် ယခင်နှစ်များ ထက် များပြားခဲ့သည်။ လွန်ခဲ့သည့် ၂ လ မှ စတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြန်မာ နိုင်ငံ ပြည်နယ် နှင့် တိုင်း ၁၄ ခုအနက် ၁၂ ခုမှာ ရေဘေး ဒုက္ခ ကြုံတွေ့ ခဲ့ရသည်။ မြန်မာ နိုင်ငံ အစိုးရ မှ ဇူလိုင်လ ၃၁ ရက်နေ့က ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း တို့အား ဆိုးရွား သည့် ရေဘေးသင့် ဒေသ အဖြစ် ကြေညာ ခဲ့သည်။

အစိုးရ ဌာန၏ နောက်ဆုံး စာရင်း ပြုစုချက် အရ ရေဘေး ဒုက္ခကြောင့် သေဆုံးသူ ဦးရေ အနည်းဆုံး ၄၇ ဦးရှိကြောင်း နှင့် ရေဘေး ဒုက္ခကို ပြည်သူ ၂ သိန်းခန့် ကြုံတွေ့နေရကြောင်း ၊ လမ်းနှင့် တံတား အများအပြား ပျက်ဆီး ခဲ့ရကြောင်းနှင့် လယ်မြေ ပျက်ဆီး ဧကပေါင်း ၈ သိန်းကျော် ရှိခဲ့ကြောင်း သိရှိရသည်။ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ နေရာ အနှံ့အပြားတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117