Connect with us

Social

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန်မှ တရုတ် နိုင်ငံ သို့သွားရောက် လည်ပတ်မည့် မြန်မာ လူငယ် ၁၀၀ ဦးအား တွေ့ဆုံ အမှာစကား ပြောကြား


ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ တရုတ် နိုင်ငံ သို့သွားရောက် လည်ပတ်မည့် မြန်မာ လူငယ် ၁၀၀ ဦးအား ရန်ကုန် မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ၌ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် တွေ့ဆုံ အမှာစကား ပြောကြား ခဲ့သည်။

သံအမတ်ကြီး ဟုန်လျန်မှ အခမ်းအနားသို့ တက်ရောက်လာ သည့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် ၊ လူငယ်များနှင့် ဧည့်သည်တော်များအား ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ယခု တွေ့ဆုံပွဲသည် မိမိ မြန်မာ နိုင်ငံသို့ ရောက်ရှိပြီး နှစ်လကြာ ကာလအတွင်း တတိယ အကြိမ်မြောက် လူငယ် လှုပ်ရှားမှု အခမ်းအနားကို ပါဝင် တက်ရောက်ခြင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ လူငယ် ချစ်ကြည်ရေး မြှင့်တင်ရေး အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသော မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းအား ကျေးဇူးအထူး တင်ရှိကြောင်း ၊ တရုတ်-မြန်မာ လူငယ် ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ် အတွက် အလွန်အရေးပါသော နည်းဗျူဟာ အဖြစ် အဓိပ္ပါယ် သက်ရောက်ပါကြောင်း ၊ ထိုကဲ့သို့ အနာဂတ်ကို ရှေးရှု၍ ယမန်နှစ် နိုဝင်ဘာလ အတွင်းက တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မြန်မာ နိုင်ငံသို့ လာရောက်စဉ် ကာလ အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ၍ မြန်မာ လူငယ် ၁၀၀ ဦး အား တရုတ် နိုင်ငံသို့ လေ့လာရေး ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့ကြောင်း ၊ ယခု လေ့လာရေး ခရီးသွားရောက်မည့် မြန်မာ နိုင်ငံဒေသ အသီးသီးနှင့် နယ်ပယ် အသီးသီးမှ ထူးချွန် လူငယ်များသည် တရုတ်-မြန်မာ လူငယ်ချစ်ကြည်ရေး တိုးမြှင့်ရေး ဟူသော ကြီးမြတ်သည့် တာဝန်ကို ထမ်းရွက်ရုံသာမက တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင် များ၏ စိတ်အား ထက်သန်သော မျှော်လင့်ချက်များကိုလည်း ထမ်းရွက်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် တရုတ်နိုင်ငံ သို့သွားရောက်မည့် လူငယ် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပသော တရုတ်နိုင်ငံ သို့သွားရောက်မည့် လူငယ် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပွဲမြင်ကွင်း (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပသော တရုတ်နိုင်ငံ သို့သွားရောက်မည့် လူငယ် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပွဲမြင်ကွင်း (ဆင်ဟွာ)

ထို့ပြင် သံအမတ်ကြီး ဟုန်လျန်မှ တရုတ် နိုင်ငံ၏ ကြီးမြတ်သော ပုဂ္ဂိုလ် Mao Zedong က လူငယ်များကို စိတ်သစ် အင်အားသစ် ပြည့်ဝသော “နံနက်ခင်းအချိန်၏နေမင်း” ဟု တင်စားခဲ့ကြောင်း ၊ တရုတ် နိုင်ငံတွင် “တစ်နေ့တာရဲ့ လုပ်ငန်း ဆောင်ရွက်မှုများကို နံနက်ခင်းတွင် စတင်ရမည် ဖြစ်ပြီး ၊ တစ်နှစ်တာရဲ့ လုပ်ငန်း ဆောင်ရွက်မှု များကို နွေဦးကာလတွင် စတင်ရမည်” ဟူသော ဆိုရိုးစကား တစ်ခု လည်း ရှိကြောင်း ၊ လူငယ် ဆိုတာ ဘဝရဲ့ နံနက်ခင်းဖြစ်ပြီး အရာအားလုံး စတင်ထွက်ပေါ်လာသော နွေဦးကာလ ဖြစ်ကာ အိမ်ထောင်စု ၊ နိုင်ငံ ၊ လူမျိုးစု အားလုံး၏ အနာဂတ်နှင့် မျှော်လင့်ချက်လည်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အတွေးအခေါ် ပညာရှင် Liang Qichao က “လူငယ်များ အင်အား တောင့်တင်းလျှင် နိုင်ငံ အင်အား တောင့်တင်းသည်” ဟူသော နာမည်ကျော် အဆိုကို ပြောကြားဖူးပါကြောင်း ၊ ကျွန်တော် အနေဖြင့် ထို အဆိုကို အမှီပြု၍ “လူငယ် အင်အား တောင့်တင်းလျှင် မြန်မာ နိုင်ငံ အင်အားတောင့်တင်းသည် ၊ တရုတ်-မြန်မာ လူငယ် အင်အား တောင့်တင်းလျှင် နှစ်နိုင်ငံ ဆက်ဆံရေး တောင့်တင်းပါသည်” ဟု ကျွန်တော်ရဲ့ လက်ရှိ ခံစားချက်ကို ပြောကြားလိုပါကြောင်း ပြောကြား ခဲ့သည်။

သံအမတ်ကြီး ဟုန်လျန် မှ လေ့လာရေး ခရီးသွားရောက်မည့် မြန်မာ လူငယ် ၁၀၀ ဦးအား ယခု လေ့လာရေး အတူသွားရောက်ရသည့် အခွင့်အရေးကို အသုံးချ၍ မိတ်ဆွေ သူငယ်ချင်းများ ဖြစ်လာမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ လေ့လာရေး ခရီးစဉ် တွင်လည်း တရုတ် မိတ်ဆွေများနှင့် မိတ်ဖွဲ့ကာ မြန်မာ-တရုတ် မိတ်ဆွေ အသိုင်းအဝိုင်း နှစ်ခုကို ဆက်စပ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ် လူမျိုးတွင် မိတ်ဆွေများလျှင် လမ်းကြောင်းများပြီး ၊ မိတ်ဆွေ များလျှင် သွားလာရေး အဆင်ပြေတယ်လို့ အမြဲတမ်း ပြောဖြစ်ကြကြောင်း ၊ တရုတ်-မြန်မာ လူငယ်များအကြား မိတ်ဆွေများပြားပါက လုပ်ငန်းဆောင်ရွက်မှု အောင်မြင်နိုင်ရန် အခွင့်အလမ်း ပိုမို များပြားမည် ဖြစ်ပြီး ၊ နိုင်ငံ အနေဖြင့် ပြောရလျင် တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် နက်ရှိုင်းသော အခြေခံ အုတ်မြစ်ကို ရရှိမည် ဖြစ်ကာ အနာဂတ်သည် လွန်စွာကျယ်ပြန့်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု ခရီးစဉ်နှင့် ပတ်သက်၍ သံအမတ်ကြီး ဟုန်လျန်မှ တရုတ် နိုင်ငံ အကြောင်း သိရှိ နားလည်းခြင်း ၊ မြန်မာ နိုင်ငံ အကြောင်း မိတ်ဆက်ခြင်း ၊ မိတ်ဆွေများစွာနှင့် ပေါင်းသင်းဆက်ဆံခြင်း ဟူသော အချက် သုံးချက်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အကြံပြုကြောင်း ၊ တရုတ် နိုင်ငံ အကြောင်း သိရှိနားလည်ခြင်းနှင့် ပတ်သက်၍ လူငယ်တို့ အားလုံး တရုတ် နိုင်ငံ သမိုင်းကြောင်း ၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု သမိုင်း ကာလ အကြောင်းကို နက်ရှိုင်းစွာ နားလည် မှတ်သား စေလိုပါကြောင်း ၊ တရုတ် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု နှစ် ၃၀ ကာလအတွင်း တရုတ် နိုင်ငံ သည် တစ်ကမ္ဘာလုံးက စောင့်ကြည့်ရလောက်သော ဖွံ့ဖြိုး တိုးတက်မှု ရလဒ်များကို ရရှိခဲ့ပြီး ကမ္ဘာတွင် အကြီးဆုံးသော ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်သည့် တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ နှင့် အတူ မိမိ တို့၏ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံ များကို ဝေမျှရန် ဆန္ဒ ရှိကြောင်း ၊ မြန်မာ နိုင်ငံ အကြောင်း မိတ်ဆက်ခြင်းနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံ ၏ ရင်းနှီးနီးကပ်သော ချစ်ကြည်မှု ဆက်ဆံရေး ရှိသည့် အိမ်နီးချင်း နိုင်ငံ ဖြစ်ပြီး မြန်မာ ပြည်သူများသည် တရုတ် ပြည်သူများ၏ ပေါက်ဖော် ညီအကိုများ ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံ ပြုပြင် ပြောင်းလဲရေး၏ အရေးကြီး အချိန်ကာလ ကို ရောက်ရှိနေသဖြင့် တရုတ် နိုင်ငံတွင် မြန်မာ နိုင်ငံ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုလျက်ရှိကြောင်း ၊ လူငယ်တို့ တရုတ် နိုင်ငံ လေ့လာရေး ခရီးစဉ် အတွင်း တရုတ် နိုင်ငံမှ မိတ်ဆွေ များသည် လူငယ် တို့ပြောပြသော မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ်လျက်ရှိသော အကြောင်းအရာ များကို နားလည် သိရှိနိုင်ရန် များစွာ ဆန္ဒရှိမည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

နိဂုံးချုပ် အနေဖြင့် သံအမတ်ကြီးမှ တရုတ်-မြန်မာ လူငယ် များအကြား ဖလှယ်ရေးသည် ထာဝရ တည်မြဲသော လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံတွင် တရုတ် နိုင်ငံသို့ မရောက်ဖူးသေးသော လူငယ်များစွာ ရှိသဖြင့် ကျွန်တော်တို့ ဒီထက် ပိုမိုအားထုတ်၍ ပိုမိုများပြားသော မြန်မာ လူငယ်များ တရုတ် နိုင်ငံသို့ သွားရောက် လေ့လာ နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဆွေမျိုး ပေါက်ဖော်များ ဖြစ်ပြီး ကာလကြာလေ ပိုမို ရင်းနှီးလေ ဖြစ်ကြောင်း ၊ လူငယ်တို့ တရုတ် နိုင်ငံ လေ့လာရေး ခရီးစဉ် ပျော်ရွှင်ပါစေ လိုပါကြောင်း ဆုမွန်ကောင်းဆောင်၍ နိဂုံးချုပ် ပြောကြား ခဲ့သည်။ (Xinhua)