Connect with us

Social

မြန်မာ လူငယ် အယောက် ၁၀၀ တရုတ် နိုင်ငံသို့ စက်တင်ဘာ ၂၁ ရက်မှ ၂၅ အထိ သွားရောက် လည်ပတ်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး အလည်အပတ် လာရောက်ခဲ့စဉ်က မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ နယ်ပယ်စုံမှ လူငယ် ၁၀၀ အား ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် တရားဝင် ချစ်ကြည်ရေး လည်ပတ်မှု ခရီးစဉ် အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံမှ လူငယ် အယောက် ၁၀၀ အား တရုတ် နိုင်ငံသို့ လာရောက် လည်ပတ်ရန် ၂၀၁၅ ခုနှစ်၌ ဖိတ်ခေါ်ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အထူးသဖြင့် လူငယ်အကြား ဆက်ဆံရေး မြှင့်တင် နိုင်ရန် အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီမှု အရ တရုတ် နိုင်ငံသို့ သွားရောက် လည်ပတ်ရန် ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံ အစိုးရ နိုင်ငံရေးပါတီ ၊ ထူးချွန် ကျောင်းသား ၊ သတင်း မီဒီယာ ကဏ္ဍ ၊ အနုပညာ ၊ အားကစား ၊ စီးပွားရေး လုပ်ငန်း စသည့် ကဏ္ဍ အသီးသီးမှ ထူးချွန် လူငယ် အယောက် ၁၀၀ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၂၁ ရက် မှ ၂၅ ရက်နေ့ အထိ တရုတ် နိုင်ငံ သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် တရုတ်နိုင်ငံ သို့သွားရောက်မည့် လူငယ် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် တို့ တွေ့ဆုံပွဲသို့ တက်ရောက်လာစဉ် (ဆင်ဟွာ)

နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာ ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူမှ ဆင်ဟွာ အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပသော တရုတ်နိုင်ငံ သို့သွားရောက်မည့် လူငယ် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပွဲမြင်ကွင်း (ဆင်ဟွာ)

တရုတ် နိုင်ငံသို့ သွားရောက် လည်ပတ်မည့် မြန်မာ လူငယ်များ (ဆင်ဟွာ)

မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် (တရုတ်ဘာသာစကား) မှ ကချင်တိုင်းရင်းသူ တီဆိုင်းပန်ခါး မှ ဆင်ဟွာ အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

စစ်တွေ တက္ကသိုလ် မဟာသုတေသန သင်တန်း (သင်္ချာ) မှ ကိုဇော်မျိုးနိုင် မှ ဆင်ဟွာ အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ လည်ပတ်ရေး ခရီးစဉ် အတွင်း လူငယ် ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းနှင့် ရှန်ဟိုင်းသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး တရုတ်နိုင်ငံ အတွင်းရှိ ကျောင်းများ ၊ တရုတ် နိုင်ငံရှိ အဆင့်မြင့် နည်းပညာ လုပ်ငန်းများ ၊ Oriental Pearl Tower စသည့် တို့ကို သွားရောက် လည်ပတ်မည် ဖြစ်ပြီး မဟာတံတိုင်းကြီး ၊ တရုတ် နိုင်ငံ ရှေးဟောင်း နန်းတော် စသည့် သမိုင်း ယဉ်ကျေးမှု အမွေအနှစ် နေရာများသို့ သွားရောက် လည်ပတ် ကြည့်ရှု မည် ဖြစ်သည်။ ထို့ပြင် တရုတ် နိုင်ငံတွင် ကျဉ်ဆံရထား ကိုလည်း သွားရောက် စီးနင်း လေ့လာကာ တရုတ် နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှု ရလဒ် များကို ခံစား သိရှိကြမည် ဖြစ်သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန်မှ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် တရုတ် နိုင်ငံ သို့သွားရောက် လည်ပတ်မည့် မြန်မာ လူငယ် ၁၀၀ ဦးအား ရန်ကုန် မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး တွင် တွေ့ဆုံပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၊ တရုတ်နိုင်ငံသို့ သွားရောက်မည့် လူငယ်များနှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

အဆိုပါခရီးစဉ်တွင် ခေါင်းဆောင်အဖြစ် လိုက်ပါသွားမည့် နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာ ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူက “ ဒီခရီးစဉ် ကနေ တရုတ်- မြန်မာ နှစ်နိုင်ငံ လူငယ်အချင်းချင်း ချစ်ကြည်ရေးနှင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

တရုတ်နိုင်ငံသို့ သွားရောက်မည့် လူငယ် ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် (တရုတ်ဘာသာအထူးပြု) မှ ကချင်တိုင်းရင်းသူ တီဆိုင်းပန်ခါး က “ တရုတ်ပြည်က ဖွံ့ဖြိုး တိုးတက်မှု တွေကို လေ့လာနိုင်တဲ့ အခွင့်အရေး အများကြီးရမယ် ထင်တယ်” ဟု ဆိုသည်။

စစ်တွေ တက္ကသိုလ် မဟာသုတေသန သင်တန်း (သင်္ချာ) မှ ကိုဇော်မျိုးနိုင်က လည်း “ရခိုင်တိုင်းရင်းသား ကိုယ်စားပြု အနေနဲ့ တရုတ်ပြည်သွားပြီး လေ့လာမှာပါ၊ တရုတ်ပြည်ကို ပထမဆုံးအကြိမ် သွားတာ၊ ဟိုမှာ လေ့လာစရာ သင်ယူစရာတွေ အများကြီးရမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)