Connect with us

Social

မြန်မာ လူငယ် ၁၀၀ ဦး အဖွဲ့ တရုတ် နိုင်ငံ ပေကျင်းမြို့ ကို ရောက်ရှိခဲ့ကာ လည်ပတ်ရေး ခရီးစဉ် စတင်


ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ လူငယ် ၁၀၀ ဦး အဖွဲ့သည် စက်တင်ဘာလ ၂၁ ရက် ပေကျင်း စံတော်ချိန် နံနက်ပိုင်း ၁ နာရီ ၃၀ မိနစ် တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှ စတင်ထွက်ခွာ ခဲ့ပြီး နံနက် ၆ နာရီတွင် တရုတ် နိုင်ငံ ၏ မြို့တော် ပေကျင်း အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ရောက် ရှိခဲ့သည်။

ပေကျင်း မြို့သို့ ရောက်ရှိခဲ့ပြီးနောက် နံနက်ပိုင်းတွင် မြန်မာ လူငယ် ၁၀၀ သည် ကမ္ဘာ့အံ့ဖွယ် ၇ ခု တွင် တစ်ခု အပါအဝင် ဖြစ်သည့် မဟာ တံတိုင်းကြီးအား သွားရောက် လည်ပတ် ခဲ့ကြသည်။ လူငယ် အဖွဲ့ သည် ခရီး ပင်ပန်း သော်လည်း တရုတ် နိုင်ငံ ခေါင်းဆောင် Mao Zedong ပြောကြား ခဲ့သည့် “မဟာ တံတိုင်းအား မရောက်လျှင် ယောကျ်ားကောင်း မဖြစ်” ဟူသည့် နာမည် ကြီး အဆို ကဗျည်းကျောက်ပြား ရှိရာ မဟာ တံတိုင်း Juyong ဂိတ် သို့ တက်တက်ကြွကြွ ပြေးတက် ခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံ များရိုက်ကူး ခဲ့ကြသည်။ လူငယ် များက မဟာတံတိုင်းကို တက်ရသည် မှာ ပင်ပန်း သော်လဲ အလွန် နှစ်လို ဖွယ်ကောင်း ပြီး နက်ရှိုင်းသည့် အမှတ်တရ ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံသို့ လည်ပတ်ရေး ခရီးသွားရောက် ခဲ့သည့် မြန်မာ နိုင်ငံ လူငယ် ၁၀၀ ဦး အဖွဲ့ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နေ့လယ် ပိုင်းတွင် လူငယ် အဖွဲ့သည် အဖွဲ့သုံးဖွဲ့ ခွဲ၍ ဟွာဝေး ကုမ္ပဏီ ၊ Zhong Guan Cun ဒေသရှိ တရုတ် နိုင်ငံ ထိပ်တန်း နည်းပညာ ကုမ္ပဏီ များနှင့် တရုတ် နိုင်ငံခြားရေးရာ ကောလိပ်သို့ သွားရောက် လေ့လာ ခဲ့ကြသည်။ ပထမ အဖွဲ့မှ ဟွာဝေး ကုမ္ပဏီ ၏ ပေကျင်းမြို့ရှိ ပြခန်းကို လေ့လာခဲ့ကြပြီး ဟွာဝေး ကုမ္ပဏီ ဝန်ထမ်း မှ ကုမ္ပဏီ ၏ အဆင့်မြင့် နည်းပညာ များ ၊ ကုန်ပစ္စည်း နှင့် အနာဂတ် စီမံကိန်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ လူငယ် များမှ အထူး စိတ်ဝင်စား ခဲ့ကြပြီး လေ့လာ မှတ်သား ခဲ့ကြသည်။ ဒုတိယ အဖွဲ့ မှ Zhong Guan Cun ကုမ္ပဏီ သို့သွားရောက် လေ့လာ ခဲ့ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူ မှ ကုမ္ပဏီ ၏ အဆင့်မြင့် နည်းပညာ အသီးသီး နှင့် ကုန်ပစ္စည်း များ၏ အားသာချက် နှင့် လုပ်ငန်း ထူထောင်ခြင်း ဆိုင်ရာ အတွေ့အကြုံများ အား ရှင်းလင်း ပြောကြား ခဲ့သည်။ တတိယ အဖွဲ့မှ တရုတ် နိုင်ငံခြားရေးရာ ကောလိပ်ကို သွားရောက်လည်ပတ် ခဲ့ပြီး ကျောင်းရှိ ဆရာတစ်ဦး မှ ကျောင်း၏ တိုးတက် ဖွံ့ဖြိုးမှု ဆောင်ရွက်ရာ အတွေ့အကြုံ နှင့် ကျောင်းသစ် တည်ဆောက်မှု အစီအစဉ် များကို ရှင်းလင်း ပြသ ခဲ့သည်။

ညပိုင်းတွင် Zhao Yang ပြဇာတ်ရုံ တွင် ဆပ်ကပ် ပြသမှု များအား လေ့လာ ကြည့်ရှု ခဲ့ကြပြီး အနုပညာ ရှင်များ၏ ပြသမှု များကို အထူး စိတ်ဝင်စား အားပေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.