Connect with us

Social

တရုတ် နိုင်ငံ YINGOS မှ ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးစာသင်ကျောင်း ၈၀ အား တီဗွီ နှင့် ရုပ်သံဖမ်းစက်များ ထပ်မံ လှူဒါန်း

ဘုန်းတော်ကြီးစာသင်ကျောင်း မှ ဆရာတော်များထံ သို့ တီဗွီများ လှူဒါန်းနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်း (YINGOS) မှ လှူဒါန်းပြီး မြန်မာ နိုင်ငံ ရှိ Nobel Language Center မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသော ဒုတိယ အကြိမ်မြောက် “ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလျှင် တီဗီ တစ်လုံးလှူဒါန်းခြင်း” အခမ်းအနား ကို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းအချိန်တွင် ရန်ကုန် မြို့ရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် ကျင်းပ ပြုလုပ်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၈၀ အတွက် တီဗွီ တစ်လုံး စီနှင့် Sky Net တစ်စုံစီ လှူဒါန်းပေးအပ် ခဲ့သည်။

အခမ်းအနား သို့ ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးစာသင်ကျောင်း မှ ဆရာတော်ကြီးများ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး တာဝန်ရှိ ပုဂ္ဂိုလ် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ၏ ဇနီး ဝမ်းရွှဲဟုန်(Wang Xuehong) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ YINGOS ဒုတိယ ဥက္ကဋ္ဌ လီယုံခန်း(Li Rongkang) ၊ Nobel Language Center မှ ဒုတိယ ကျောင်းအုပ်ကြီး လီမော့ယောင် (Li Moyao) နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒ န္တပညာသာမိ ထံမှ ငါးပါးသီလခံယူ နေစဉ်(ဆင်ဟွာ)

အခမ်းအနား အစတွင် ရန်ကုန်တိုင်းဒေသကြီး ၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒ န္တပညာသာမိ ထံမှ ငါးပါးသီလခံယူ ခဲ့ကြပြီး ဆရာတော် ၏ ဆုံးမသြဝါဒ ကို ခံယူ ခဲ့ကြသည်။မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ၏ ဇနီး ဝမ်းရွှဲဟုန် က လှူဒါန်းခြင်း နှင့် ပတ်သက်၍ ဝမ်းမြောက် စကား ပြောကြားရာတွင် မြန်မာ နိုင်ငံ သည် ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်း များတွင်လည်း ဆင်းရဲနွမ်းပါးသူ များကို လက်ခံ၍ အခမဲ့ ပညာသင်ကြားမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ ယခုကဲ့သို့ တီဗွီလှူဒါန်းပေးခြင်းဖြင့် ဘုန်းတော်ကြီးကျောင်းရှိ ကလေးငယ်များအား ပြင်ပကမ္ဘာ နှင့် ချိတ်ဆက်ပေး နိုင်မည် ဖြစ်ပြီး အသိပညာဗဟုသုတ ကိုလည်း တိုးပွားစေမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေချင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံ များဖြစ်ပြီး နှစ်နိုင်ငံ အတူတကွ ဆောင်ရွက်နေသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် နှစ်နိုင်ငံအကြား အခြေခံအဆောက်အဦ များ ချိတ်ဆက်ရုံမက နှစ်နိုင်ငံ ပြည်သူလူထု ၏ နှလုံးသား ကိုလည်း ချိတ်ဆက်ပေး နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အရပ်ဘက် အဖွဲ့အစည်း များ၏ ပရဟိတ လုပ်ငန်းများ သည် နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု နှင့် ယုံကြည်မှု ကို တိုးမြှင့်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ၏ ဇနီး ဝမ်းရွှဲဟုန် က ဆရာတော် များအား လျှောက်တင်နေစဉ် (ဆင်ဟွာ)

YINGOS ဒုတိယ ဥက္ကဋ္ဌ လီယုံခန်း က လှူဒါန်းရခြင်း နှင့်ပတ်သက်၍ လျှောက်ထား ရာတွင် ရန်ကုန်တိုင်းဒေသကြီး ရှိ ဘုန်တော်ကြီးများမှ ကလေးငယ်များအား အသိပညာဗဟုသုတ တိုးပွားစေရန် အတွက် ယခုကဲ့သို့ ထပ်မံ လှူဒါန်း ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယူနန်ပြည်နယ် နှင့် မြန်မာ နိုင်ငံ တို့သည် တောတောင်ရေမြေချင်း ထိစပ်နေကြပြီး ကောင်းမွန်သည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ အရပ်ဘက် အဖွဲ့အစည်း တစ်ခု အနေဖြင့် ယခုကဲ့သို့လှူဒါန်းခြင်းဖြင့် နှစ်နိုင်ငံ အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့် နိုင်ခဲ့သည့် အတွက် လွန်စွာ ဝမ်းမြောက်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှု များမှ တစ်ဆင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို ပိုမိုနက်ရှိုင်းစေပြီး မြန်မာ နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အတွက် တစ်ထောင့်တစ်နေရာ မှ ပေးဆပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

YINGOS ဒုတိယ ဥက္ကဋ္ဌ လီယုံခန်း က လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ဆရာတော် များအား လျှောက်တင်နေစဉ် (ဆင်ဟွာ)

ထို့နောက်တွင် အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များ မှ လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးများထံသို့ ပေးအပ်လှူဒါန်း ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး မှ ဦးစိန်မော် က ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။တရုတ်နိုင်ငံယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်း (YINGOS) သည် ၂၀၁၄ ခုနှစ်မှ စတင်၍ မြန်မာ နိုင်ငံ တွင် ပရဟိတ လုပ်ငန်း စီမံကိန်း ၅ ချမှတ်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး ကဏ္ဍ ဆိုင်ရာ ကူညီဆောင်ရွက်မှု ၊ ကျေးလက် နှင့် ဘုန်တော်ကြီးကျောင်း များအား ရုပ်သံကြည့်ရှုနိုင်ရန် ကူညီဆောင်ရွက်မှု ၊ လမ်းများတည်ဆောက်ရေး နှင့် ပညာရေး ကဏ္ဍ ကူညီဆောင်ရွက်မှု များ ဆောင်ရွက်ခဲ့ကြောင်း ၊ ၂၀၁၇ ခုနှစ် ကို မတ်လ ၂၂ ရက်နေ့ တွင်လည်း ရန်ကုန် မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၀၀ ကို တီဗွီ တစ်လုံး စီနှင့် Sky Net တစ်စုံစီ လှူဒါန်းပေးအပ် ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.