Connect with us

Social

တရုတ်နိုင်ငံသင်္ဘောသားများက ပင်လယ်အတွင်း သင်္ဘောနစ်မြုပ်ပြီး နှစ်ရက်ကြာမျောနေသော မြန်မာနိုင်ငံသား ၈ ဦးကို ကယ်ဆယ်ထား

တရုတ်နိုင်ငံ သင်္ဘောသားများက ပင်လယ်အတွင်း မျောနေသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်နေစဉ်(ဓါတ်ပုံ-တရုတ်သံရုံး)

ရန်ကုန်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Wuhan Fuyang Maritime Service Co.,Ltd အုပ်ချုပ်သည့် TRUMP SW သင်္ဘောက သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း သင်္ဘောနစ်မြုပ်ပြီးနှစ်ရက်ကြာမျောနေသော မြန်မာနိုင်ငံသား ၈ ဦးကို ကယ်ဆယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ တရုတ်သင်္ဘောသည် ဗီယက်နမ်နိုင်ငံဆိပ်ကမ်းသို့ ခုတ်မောင်းသည့် ရေကြောင်းခရီးစဉ်အတွင်း၌ အန္တရာယ်ကြုံတွေ့သော မြန်မာလူမျိုး ၈ ဦးအား ကယ်ဆယ်ခဲ့ကြောင်း၊ ကယ်ဆယ်ခံရသည့် မြန်မာလူမျိုးများ၏ ငါးဖမ်းသင်္ဘောက လေမုန်တိုင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားရာ ၎င်းတို့က မျောပါနေသော ဆီပုံးကိုအမှီပြု၍ ပင်လယ်အတွင်း၌ နှစ်ရက်၊ နှစ်ည မျောပါနေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သင်္ဘောသားများက ပင်လယ်အတွင်း မျောနေသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်နေစဉ်(ဓါတ်ပုံ-တရုတ်သံရုံး)

ယင်း မြန်မာလူမျိုး ၈ ဦး၌ ခြေထောက်ဒဏ်ရာရရှိသူများကို တရုတ်သင်္ဘောသားများက ဒဏ်ရာပိုးသတ်၊ ဆေးထည့်၊ ပတ်တီးစည်းမှုများလုပ်ဆောင်ပေးခဲ့ပြီး ရေမိုးချိုး၍ ပိုးသန့်စင်ပေးပြီးနောက် အစားအစာများ စားသုံးရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ခံထားရသော မြန်မာလူမျိုး ၈ ဦးသည် TRUMP SW သင်္ဘောနှင့်အတူ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

#တရုတ်နိုင်ငံသင်္ဘောသား #TRUMPSW #သင်္ဘော #သင်္ဘောနစ်မြုပ် #မြန်မာနိုင်ငံသား