News
တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကာကွယ်ဆေးများ တိုဂိုနိုင်ငံ လက်ခံရရှိ
လိုမီ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)
တိုဂိုနိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကာကွယ်ဆေး အသုတ်တစ်သုတ်အား ဧပြီ ၂၃ ရက်တွင် လက်ခံရရှိခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် COVID-19 ရောဂါ တိုက်ဖျက်ရေး အထောက်အကူပြုရန် ဖြစ်ကြောင်း သိရသည်။
တိုဂိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Chao Weidong နှင့် တိုဂိုနိုင်ငံ ကျန်းမာရေးဝန်ကြီး Mustafa Mijiyawa တို့က ကာကွယ်ဆေးများအား ဧပြီ ၂၃ ရက် နေ့လည်ပိုင်းတွင် Gnassingbe Eyadema အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
“ကာကွယ်ဆေးလှူဒါန်းမှုက ကျွန်တော်တို့ နှစ်နိုင်ငံအကြား ဆက်ဆံရေး အလွန်ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပြည်သူနှစ်ရပ်အကြား နက်ရှိုင်းတဲ့ ခင်မင်ရင်းနှီးမှုတို့ရဲ့ အကောင်းဆုံး သက်သေ ဖြစ်ပါတယ်။”ဟု သံအမတ်ကြီး Chao က ပြောကြားခဲ့သည်။
တိုဂိုနိုင်ငံ Gnassingbe Eyadema အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တိုဂိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Chao Weidong နှင့် တိုဂိုနိုင်ငံ COVID-19 တုံ့ပြန်ရေး အမျိုးသားအဆင့် ညှိနှိုင်းရေးမှူး Djibril Mohaman တို့ တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကာကွယ်ဆေးများနှင့်အတူ တွေ့ရစဉ်(ဆင်ဟွာ)
“အဲဒါက လူသားဆန်မှု ဘုံဦးတည်ချက် ကို ဖော်ညွှန်းတဲ့သာဓကတစ်ခုလဲ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့ပြီး အဆိုပါ လှူဒါန်းမှုသည် တရုတ်နိုင်ငံ အစိုးရ၏ ဆုံးဖြတ်ချက်များနှင့်အညီ တရုတ်ကာကွယ်ဆေးအား ကမ္ဘာအနှံ့အပြား အများပြည်သူသုံးကုန်စည်ဖြစ်စေရန် အလေးအနက်ဖော်ပြနေကြောင်း ပြောကြားခဲ့သည်။
တိုဂိုနိုင်ငံ ကျန်းမာရေးဝန်ကြီး Mustafa Mijiyawa က ယင်းမှာ ဘေးထွက်ဆိုးကျိုး အနည်းဆုံးနှင့်အတူ အလွန် ထိရောက်မှုရှိသော ကာကွယ်ဆေး ဖြစ်ကြောင်း နှင့် အကျိုးအမြတ်-အန္တရာယ် အချိုးအစားတွင် အကျိုးအမြတ်က အလေးသာသည်မှာ သိသာထင်ရှားကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများအား ပြည်သူများသို့ မကြာမီ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး တိုဂိုနိုင်ငံသည် မတ် ၁၀ ရက်တွင် COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းစဉ်များအား စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တိုဂိုနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်တွင် ပထမဆုံး COVID-19 ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့ပြီး ယခုအထိ COVID-19 အတည်ပြုလူနာပေါင်း ၁၂,၆၉၈ ဦး နှင့် သေဆုံးသူပေါင်း ၁၂၁ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————
(English Version)
Togo receives China-donated Sinovac vaccines
LOME, April 24 (Xinhua) — The government of Togo received a batch of Sinovac vaccine donnated by China on Friday in support to its fight against COVID-19 as part of the cooperation between the two countries.
Chinese ambassador to Togo Chao Weidong and the Togolese Minister of Health Mustafa Mijiyawa received the vaccines at the Gnassingbe Eyadema International Airport about midday on Friday.
“The donation of the vaccines is a perfect proof of the excellent quality of the relations between our two countries and the depth of the friendship between our two peoples”, Chao said.
“It is also an illustration of the sense of common destiny to the humankind”, he said, underscoring that the donation is in line with the decisions of the Chinese government to make the Chinese vaccine a worldwide public good.
Mijiyawa said it is “a very effective vaccine, with minimal side effects and the benefit-risk ratio is clearly in favour of the benefit”.
“Very shortly, we will administer these vaccines to our people”, he said, recalling that his country began immunization operations against COVID-19 on March 10.
So far, Togo has reported 12,698 COVID-19 confirmed cases with a death toll of 121 since it recorded its first COVID-19 positive case on March 6, 2020. ■